ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂနှင့် အာဆီယံတို့ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် ဗီယက်နမ်က တိုက်တွန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၆/၂၀၂၄ 

မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်ပြီး ကုလသမဂ္ဂနှင့် အာဆီယံတို့ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရန် ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး က တိုက်တွန်း ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး တို့အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခိုင်အမာ ပြောဆိုလိုက်သည်။

​​ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စာလှယ် Julie Bishop နှင့် ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး Dang Hoang Giang တို့ ဇွ န်လ ၅ ရက်နေ့က နယူးယောက်မြို့ ၌ တွေ့ဆုံခဲ့ကြစဥ် ၄င်းတို့ကအထက်ပါ အတိုင်းပြောဆိုခဲ့ကြခြင်းဖြစ်သည်။

မြန်မာ့အကြပ်အတည်းအတွက် ယခုထိပ်တန်း ဦးစားပေးလုပ်ငန်းမှာ ယုံကြည်မှု တည်ဆောက်ရန်၊ အပစ်အခတ် ရပ်စဲရေးနှင့် ဆွေးနွေးပွဲများ မြှင့်တင်ရန်၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းများလွယ်ကူချောမွေ့စေရန်တို့ ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး Giang က အလေးပေးပြောကြားခဲ့သည်။

ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သော ဖြေရှင်းနည်းများကို ရှာဖွေရန် အတွက် အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက် သည် အရေးကြီးသော အခြေခံအချက်ဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

အထူးသဖြင့် ကုလသမဂ္ဂနှင့် Julie Bishop ( ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်) တို့သည် လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နယ်မြေစိုးမိုးရေးနှင့် ပြည်တွင်းရေးကို မစွက်ဖက်ရေး စသည့်အခြေခံမူများနှင့်အတူ မြန်မာပြည်သူများ၏ စိတ်ဆန္ဒနှင့် အညီ အာဆီယံ၊ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တို့နှင့် ပိုမို နီးကပ်စွာ ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်နိုင်မည်ဟု ဗီယက်နမ်က မျှော်လင့်ပါကြောင်း သံအမတ်ကြီးကပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ဖော်ဆောင်ရာတွင် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂသည်မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ဖော်ဆောင်သည့် လုပ်ငန်းစဉ်တွင် အာဆီယံ၏ ဦးဆောင်အခန်းကဏ္ဍကို ထောက်ခံကြောင်း အထူးကိုယ်စားလှယ် Julie Bishop က အလေးပေးပြောကြားခဲ့သည်။

ကုလသမဂ္ဂ နှင့် အာဆီယံ တွင် ဗီယက်နမ်၏ ရပ်တည်ချက်ကို တန်ဖိုးထားလေးစားပြီး အထူးသဖြင့် မြန်မာ့အရေးနှင့် ပတ်သက်၍ အပြုသဘောဆောင်သော ချဉ်းကပ်မှုအပြင် ၊လက်ရှိ မြန်မာနိုင်ငံ အကြပ်အတည်းကို ဘက်စုံရေရှည်ဖြေရှင်းချက်ရရှိရေး ပူးပေါင်းကြိုးပမ်းမှုများတွင်ဗီယက်နမ်က အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများ ပြုလုပ်သွားမည်ဟု မျှော်လင့်ပါကြောင်း Julie Bishop ကပြောဆိုခဲ့သည်။

(ပုံစာ /ကုလသမဂ္ဂ ဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး Dang Hoang Giang နှင့် ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishop တို့နှင့် ဇွန်လ ၅ ရက်နေ့က တွေ့ဆုံကြစဥ် (Photo: VNA) Source/VNA

ဆက်စပ် သတင်းများ