သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ဂွမြို့အနီးပင်လယ်ပြင်တွင် ရစ်(ခ်)တာစကေး (၅.၄)အဆင့်ရှိ မြေငလျင်လှုပ်ခတ်မှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 6.4k

နိရ ဉ္စရာ၊ ဇွန် ၂ / ၂ဝ၂၂
ရခိုင်ပြည်နယ် ဂွမြို့မှ ၁၆ မိုင်ခန့်အကွာရှိ ပင်လယ်ပြင်တွင် ရစ်(ခ်)တာစကေး (၅.၄)အဆင့်ရှိ မြေငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါငလျင်သည် ယမန်နေ့ ဇွန်လ (၁)ရက်၊ ည ၁၁ နာရီ ၁၃ မိနစ်တွင် ဂွမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၆)မိုင်ခန့်ကွာဝေးသော (မြန်မာ့ပင်လယ်ပြင်၊ ဂွမြို့၏ အနောက်တောင်ဘက် (၁၆)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၇.၅၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၄)ဒီဂရီ၊ အနက် (၁၄)ကီလိုမီတာကို ဗဟိုပြု၍လှုပ်ခတ်သွားခဲ့ခြင်းဖြစ်သည်ဟု မိုး/ဇလ၏ ယမန်နေ့ည ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေသခံများကလည်း ယမန်နေ့ညက ငလျင်လှုပ်ခတ်သွားခဲ့သည်ကို သိရှိခဲ့ပြီး အထိအခိုက်အပျက်အစီးများရှိ/မရှိဆိုသည်ကို လောလောဆယ် မသိရသေးဟု ပြောဆိုကြသည်။ (NN-2)

ဆက်စပ် သတင်းများ