သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူ ၆၅ ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 3.8k

နိရဉ္စရာ၊ စက်တင်ဘာ ၆/ ၂၀၂၂

 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင်  တနင်္လာနေ့  အင်အားပြင်း ငလျင်လှုပ်ခတ်သဖြင့် အနည်းဆုံးလူ ၆၅  ဦးသေဆုံးခဲ့ကြောင်း  AFP က သတင်းဖော်ပြသည်။

 

ပြင်းအား ၆ ဒသမ ၆ အဆင့်ရှိ ငလျင်သည် ဇီချွန်ပြည်နယ် Kangding ၏ အရှေ့တောင်ဘက် ၄၃ ကီလိုမီတာအကွာတွင် တနင်္လာနေ့က အနက် ၁၀ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ကြောင်း US Geological Survey အရ သိရသည်။

 

ငလျင်ကြောင့် လျှပ်စစ်မီးတွေ ပြတ်တောက်၊ အိမ်များပျက်စီးပြီး မြေများပြိုကျခဲ့သည်ဟု တရုတ်ဗဟိုသတင်းဌာနက ဖော်ပြသည်။

 

မြေငလျင် လှုပ်ခတ်မှုကြောင့် ရာနဲ့ချီတဲ့ ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးသမားများက အပျက်အစီးကြားများနေ ထောက်လှမ်းရှာဖွေခဲ့ကြကြောင်း၊ လက်ရှိအချိန်ထိ   လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့နံနက်ပိုင်း သတင်းတွင် ဖော်ပြသည်။

 

လူ ၂၀၀ ကျော်သည် ဝေးလံခေါင်သီသော ရှုခင်းသာဧရိယာတွင် ပိတ်မိနေပြီး အခြားနေရာများတွင်လည်း အများအပြား ပျောက်ဆုံးနေကြောင်း သိရသည်။

 

ဇီချွန်ပြည်နယ်သည် မကြာခဏ ငလျင်လှုပ်ခတ်လေ့ရှိပြီး ၂ဝဝ၈ ခုနှစ်ကလည်း ၎င်း ပြည်နယ်တွင်  ပြင်းအား အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့သည့်အတွက်ကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့သည်ဟု သိရှိရသည်။


Strong earthquake in southwest China kills 65


ဆက်စပ် သတင်းများ