ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

သံတွဲမြို့ အနီး အင်အားရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 3.9k

နိရဉ္စရာ၊ စက်တင်ဘာ ၂၆/၂၀၂၂

 

ရခိုင်ပြည်နယ်၊သံတွဲမြို့၊ အရှေ့တောင်ဘက် ၁၄မိုင်အကွာကို ဗဟိုပြုပြီး ယမန်နေ့ ညနေက  ရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်ဟု သတင်းရရှိသည်။

 

၎င်းငလျင်သည် ဂွမြေငလျင်စခန်းမှ မြောက်ဘက် ၄၈မိုင်ခန့်ကွာ သံတွဲမြို့ရှိ အရှေ့တောင်ဘက် ၁၄မိုင်ခန့်အကွာကို ဗဟိုပြုပြီး စက်တင်ဘာ ၂၅ရက်၊ ညနေ ၆နာရီ ၃၂မိနစ်၊ ၄၉စက္ကန့်အချိန်တွင လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ  သတင်းထုတ်ပြန်ထားသည်။

 

ထုတ်ပြန်ချက်ထဲတွင် ွမြေငလျင်စခန်းမှ မြောက်ဘက် ၄၈မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း သံတွဲမြို့၏ တောင်- အရှေ့တောင်ဘက် (၁၄)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၁၈.၂၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၈) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိသည်ဟု ဖော်ပြထားသည်။

 

အဆိုပါ ငလျင်နှင့် ပတ်သက်ပြီး သံတွဲဒေသတစ်ဦးက " မနေ့က ငလျင်လှုပ်တာ ကျွန်တော် မသိလိုက်ဘူး။သိတဲ့သူတွေသိလိုက်ကြတယ်။ ငလျင်လှုပ်ပြီးလို့ လူတွေပြောမှသိတယ်။ အနည်းဆိုတော့ အပျက်အစီးတွေတော မရှိပါဘူး" ဟု ပြောသည်။

 

အင်္ဂလိပ်သတင်း - www.narinjara.com

မြန်မာသတင်း - https://burmese.narinjara.com/

သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/

ရုပ်သံသတင်း - https://www.facebook.com/Narinjara-TV-News-100125495251215/

ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

တွစ်တာ-https://twitter.com/NarinjaraN

 

ဆက်စပ် သတင်းများ