သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အင်ဒိုနီးရှား ငလျင်ကြောင့် လူ ၅၆ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ နိုဝင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 2k

နိရဉ္စရာ၊ နိုဝင်ဘာ ၂၁ (နိုင်ငံတကာ)

အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျာဗားပြည်နယ်မှာ ဒီကနေ့ ညနေပိုင်းမှာ  ပြင်းအား ၅.၆ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူ ၅၆ ဦးသေဆုံးပြီး ၇၀၀ အထိ ဒဏ်ရာရရှိခဲ့ကာ အိမ်တွေအများအပြားလည်း ပျက်စီးကုန်တယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။

ဒီငလျင်ဟာ မြို့တော်ဂျကာတာရဲ့ အရှေ့တောင်ဘက် ၇၅ ကီလိုမီတာအကွာရှိ Cianjur မြို့ကို  ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

အနောက်ဂျာဗားအုပ်ချုပ်ရေးမှူး Ridwan Kamil သည် ငလျင်ကြောင့် သေဆုံးသူ ၅၆ ဦးရှိတယ်လို့  အတည်ပြုခဲ့ပြီး မြို့တော် ဂျကာတာ၏ အရှေ့တောင်ဘက် ၇၅ ကီလိုမီတာအကွာရှိ Cianjur မြို့တွင် ဗဟိုပြု၍ ငလျင်လှုပ်ခတ်ခဲ့တာလို့ဆိုပါတယ်။

အမျိုးသား သဘာဝ ဘေးအန္တရာယ်ေဂျင်စီ (BNPB) က လူပေါင်း ၇၀၀ အထိ ဒဏ်ရာရခဲ့ပြီး နေအိမ် ၃၀၀ ကျော် ပျက်စီးခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားတွေဟာ  အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့အတွက် ကြိုးပမ်းနေကြတယ်လို့ ဆိုပါတယ်။

ငလျင်ဟာ ြေအောက်အနက် ၁၀ ကီမီတာမှာ လှုပ်ခတ်ခဲ့ပြီး  ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို လောလောဆယ် မပြောဆိုနိုင်ဘူးလို့  မသိရှိရသေးဘူးလို့   ပြောကြားခဲ့ပါတယ်။

ငလျင်လှုပ်ခတ်ချိန်မှာ  "ကြီးမားသောတုန်ခါမှု" ကိုခံစားခဲ့ရပြီး ၎င်းတိုရဲ့ ရုံးခန်းအဆောက်အအုံရဲ့ နံရံများတွေနဲ့  မျက်နှာကျက်တွေ  ပျက်စီးသွားခဲ့တယ်လို့ ရုံးဝန်ထမ်းတစ်ဦးက ပြောတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

 

Photo- New Straits Times

Indonesia quake kills 56, destroys homes/ Reuters

ဆက်စပ် သတင်းများ