သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မြေမြုပ်မိုင်းပေါက်၍ ခြေထောက်ပြတ်သွားသည့် ပလက်၀မှသမဝါယမစာရေး စစ်တွေရှိတပ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 771

ဆောင်းဇာခြည်
နိရဉ္စရာ၊ ဧပြီ ၂၄/ ၂၀၂၁

သင်္ကြန်အတွင်းက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ပြတ်သွားသည့် သမဝါယမစာရေး ဦးအောင်မြင့်မြတ်မှာ လက်ရှိအချိန်တွင် စစ်တွေရှိ ကုတင် (၁၀၀) ဆံ့ တပ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု သတင်းရရှိသည်။
ပလက်၀မြို့နယ်၊ လောင်းကဒူးကျေးရွာမှ ခူမီးအမျိုးသားတစ်ဦးဖြစ်သူ ဦးအောင်မြင့်မြတ် (၄၀) နှစ်သည် ဧပြီလ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် အိမ်ဆောက်ရန် ခုတ်ထားပြီးဖြစ်သော သစ်များအား ရွာအနီးရှိ တောင်ပေါ်မှ သွားထမ်းစဉ် မိုင်းနင်းမိသောကြောင့် ဘယ်ဘက်ခြေထောက် ပြတ်သွားကြောင်း လောင်းကဒူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှက ပြောသည်။
ဒဏ်ရာပြင်းထန်သည့် ဦးအောင်မြင့်မြတ်အား ပလက်ဝဆေးရုံမှ စစ်တွေမြို့ရှိ ကုတင် (၁၀၀) တပ်ဆေးရုံသို့ ဧပြီလ ၂၀ ရက်နေ့က လွှဲပြောင်းကုသခဲ့ကြောင်း၊ ၎င်းမှာ ပလက်ဝမြို့နယ်ရှိ သမဝါယမဦးစီးဌာန၌ စာရေးရာထူးတွင် တာဝန်ထမ်းဆောင်နေသူတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။
“သစ်တွေကို အရင်ကတည်းက ခုတ်ထားတာ။ အဲဒါကို အိမ်ဆောက်တော့မယ်ဆိုပြီးတော့ သွားယူတာ။ သူ့ဆွေမျိုးတွေနဲ့ အိမ်နီးနားချင်း စုစုပေါင်း သုံးယောက်လောက် ပါသွားသေးတယ်။ တောင် ်တော့ မိုင်းနင်းမိတာ။ ဒဏ်ရာက အရမ်းပြင်းပါတယ်။ မိုင်းပေါက်တဲ့အသံက “ဒိန်း” ဆိုပြီး ရွာက ကြားရပါတယ်။ အဲဒီမှာ သူနဲ့ပါတဲ့အဖော်တွေက သူ့ကို ထမ်းယူခဲ့ပါတယ်”ဟု ပြောသည်။
မြေမြုပ်မိုင်းပေါက်သည့် မှာ လောင်းကဒူးကျေးရွာ၏ အနောက်ဘက် ၃ မိုင်ခန့်အကွာရှိ မွန်ထောက်တောင်ဖြစ်ကြောင်း သူက ပြောသည်။
“ဒဏ်ရာက ဘယ်ဘက်ဒူးအောက် ပြတ်သွားပါတယ်။ ညာဘက်ခြေသလုံးက အရိုးတွေလည်း ကွဲသွားပါတယ်။ ညာဘက်လက်မောင်းမှာလည်း ဒဏ်ရာတွေရသွားပါတယ်။ အဲဒီမိုင်းနင်းမိတဲ့နေ့မှာပဲ သူ့ကို ပလက်ဝဆေးရုံကိုတင်လိုက်တယ်။ သူ့မှာ ဒဏ်ရာပြင်းလို့ ပလက်ဝဆေးရုံက လက်မခံတဲ့အတွက် မိသားစုတွေက တပ်ဆေးရုံကို အကူညီသွားတောင်းလို့ အဲဒီကို ယူသွားကြပါတယ်” ဟု ပြောသည်။
မိုင်းနင်းမိသူ ဦးအောင်မြင့်မြတ်မှာ ဘယ်ဘက်ခြေတစ်ဘက် ဖြတ်လိုက်ရပြီး ညာဘက်ခြေနှင့် ညာဘက်လက်မောင်းတို့တွင်လည်း ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ၄င်းက ဆက်ပြောသည်။

ဆက်စပ် သတင်းများ