စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် ဦးစွန်းတော်(မြို)ရွာမှ အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ခြေထောက်ပြတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 7.2k

သဥ္စာနွယ်
နိရဥ္စရာ၊ သြဂုတ် ၁၇/၂၀၂၁
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ဦးစွန်းတော်(မြို)ကျေးရွာမှ အမျိုးသားတစ်ဦးသည် ယနေ့မွန်းတည့်ခန့်က မြေမြုပ်မိုင်း နင်းမိ၍ ဘယ်ဖက် ခြေထောက် ခြေကျင်းဝတ်မှ ပြတ်တောက်သွားကြောင်း သိရသည်။
မိုင်းနင်းမိသောသူမှာ ဦးစွန်းတော်ရွာမှ ဦးအောင်ကျော်ဖြူနှင့် အမိဒေါ်ကြာဇံဖြူတို့၏ သား ဦးအောင်သိန်းဆန်း (၃၅ နှစ်)ဖြစ်သည်။
သူသည် ယနေ့ သြဂုတ်လ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က ဦးစွန်းတော်ကျေးရွာအနီးရှိ မျာလီကန်ကျေးရွာအနီး နန်းရာကုန်း၌ နွားကျောင်းသွားစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“မိုင်းကိုနင်းမိပြီး ချော်လဲသွားတာ ချက်ချင်းထပေါက်တာ။ ရွာသားတွေ သွားကြည့်တော့ သူ့ခြေကျင်းဝတ် ပြတ်နေပြီ။” ဟု အပေါက်ဝကျေးရွာမှ မေတ္တာရှင်အရေးပေါ် ပရဟိတအသင်းဥက္ကဋ္ဌ ဦးဦးသိန်းထွန်းက နိရဥ္စရာသို့ ပြောသည်။
မိုင်းထိလူနာကို အပေါက်ဝဆေးရုံမှ စစ်တွေဆေးရုံသို့ ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် ယူဆောင်လာပြီး စစ်တွေဆေးရုံသို့ ညနေ ၆ နာရီတွင်ရောက်ရှိလာခဲ့သည်။
လက်ရှိတွင် လူနာအား အရိုးအထူးကုကြပ်မတ်ဆောင်တွင် ဆေးကုသပေးနေရကြောင်း သိရသည်။

ဆက်စပ် သတင်းများ