ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

အမ်းမြို့နယ်တွင် မြေမြုပ်မိုင်းပေါက်ကွဲ၍ သီဟိုဠ်ခင်းပိုင်ရှင်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 9.1k


နိရဉ္စရာ၊ မေလ ၁၅/၂၀၂၂
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်မြောက် ကျေးရွာအနီးရှိ သီဟိုဠ်ခင်းတွင် ယမန်နေ့ မေလ ၁၄ရက် နေ့လယ် ၃နာရီကျော်အချိန်ခန့်က မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် သီဟိုဠ်ခင်း ပိုင်ရှင် တစ်ဦး သေဆုံး သွားခဲ့သည်ဟု သတင်းရရှိသည်။
သေဆုံးသူမှာ ဦးသန်းမင်းနိုင်(၃၇နှစ်)ဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် ၎င်း၏ ဘယ်ဖက်ခြေမျက်စိ အောက်မှ ပြတ်ထွက်သွားသလို ရင်ဘတ်၌လည်း အပေါက်နှစ်ပေါက်ဖြစ်သွားကာ ပေါက်ကွဲ မှုဖြစ်သည့်နေရာမှာပင် သေဆုံးသွားခြင်းဖြစ်သည်ဟု အမ်းဒေသခံကိုမျိုးလွင်က ပြောသည်။
"သီဟိုဠ်ခင်းမှာက ငါးယောက်သီဟိုဠ်စေ့ သွားကောက်နေကြတာ။ အဲဒီအချိန်မှာ မိုင်းပေါက်ကွဲတာ။ အခင်းပိုင်ရှင်ကတော့ သေသွားတယ်။ သူ့မှာက ဘယ်ဖက်ခြေမျက်စိအောင်ပြတ်ထွက်သွားတယ်။ ညာဖက်ခြေထောက် ကြွက်သားတွေလည်း ကြေမွသွားတယ်။ ရင်ဘတ်မှာလည်း အပေါက်နှစ်ပေါက် ဖြစ်သွားတယ်။ သူကမိုင်းကို နင်းမိသွားတယ်။ ကျန်လေးယောက်က တော့ ဘာမှဒဏ်ရာမရရှိခဲ့ဘူး"ဟု ပြောသည်။
ယခုမိုင်းပေါက်ကွဲခဲ့သည့်နေရာနှင့် တစ်ဆက် တည်းရှိသည့် ပန္နဲတောင်တွင် ၂၀၂၀ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ မြန်မာစစ်တပ်က တပ်စွဲခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ခုနှစ် မေလ ၁၅ရက်နေ့တွင်လည်း ဒါးလက်အနောက်ရွာနှင့် ၄ဖာလုံခန့်ဝေး သည့် သီဟိုဠ်ခင်း၌ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ ခြင်းကြောင့် ခြံပိုင်ရှင် ဦးကျော်ထွန်းဦးမှာ ခြေထောက် နှစ်ဖက်လုံးပြတ်သွားခဲ့သည်ဟု သိရသည်။ (NN-11)

ဆက်စပ် သတင်းများ