စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မိုင်းပေါက်ကွဲခဲ့၍ နောက်ထပ်မင်းပြားဒေသခံတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 3.7k


နိရဉ္စရာ၊ မေလ ၁၅/၂၀၂၂
ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ၊ စာသင်ကျောင်းရပ်ကွက်မှ အမျိုးသားတစ်ဦး ယနေ့ မေလ ၁၅ ရက် နံနက် ၉နာရီကျော် အချိန်ခန့်တွင် မိုင်းပေါက်ကွဲမှုဖြစ်၍ သေဆုံးသွားသည်ဟု သိရသည်။
သေဆုံးသူမှာ ဦးအောင်သာထွန်း(၆၈နှစ်)ဖြစ်ပြီး ၎င်းမှာကျေးရွာနှင့် ၄မိုင်ခန့်ဝေးသည့် သပေါ့စာ အရပ်တွင် ပိုက်ဆွဲရန်သွားစဉ် မိုင်းနင်းမိကာ ပေါက်ကွဲမှုဖြစ်၍သေဆုံးသွားခြင်းဖြစ်သည်ဟု သမီးဖြစ်သူ မညိုညိုက ပြောသည်။
"အခုအလောင်းက အိမ်ကိုရောက်နေပြီ။ အဖေမှာ ခြေထောက် နှစ်ဖက်စလုံးပြတ်ထွက်သွားတယ်။ ခန္ဓာကိုယ်အနှံ့မှာလည်း မိုင်းစတွေ ဝင်ကျန်ခဲ့တယ်"ဟု ဆိုသည်။
အဆိုပါ သပေါ့စာ အရပ်တွင် ပြီးခဲ့သည့်နှစ်များက မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် နေရာတစ်ခုလည်း ဖြစ်သည်ဟုသိရသည်။
ယမန်နေ့ မေလ ၁၄ရက်နေ့တွင်လည်း အမ်းမြို့နယ်၊ ဒါးလက်မြောက်ကျေးရွာမှ သီဟိုဠ်ခြံပိုင်ရှင် ဦးသန်းမင်းနိုင်မှာ ခြံအတွင်းမိုင်ပေါက်ကွဲ မှုဖြစ်ပွားခဲ့သဖြင့် သေဆုံးခဲ့သည်ဟု သိရသည်။ ( NN-11)
(ဓာတ်ပုံ- ပန်းမြောင်းကတိုးဆိပ်မြင်ကွင်း/ ပန်းမြောင်းတိုက်နယ် ပရဟိတလူမှုကူညီရေးအသင်း)

ဆက်စပ် သတင်းများ