ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တပ်နေရာယူထားသည့် ကျောက်တော် ဦးစွန်းတော်တောင်ပေါ်တွင် မိုင်းပေါက်ကွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 8k

နိရဥ္စရာ၊ ဇွန် ၃ဝ/ ၂ဝ၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာအနီးရှိ ဦးစွန်းတော်တောင်ပေါ်တွင် ယနေ့နံနက်က မိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်ဟု သိရသည်။
အဆိုပါမိုင်းသည် ယနေ့ ဇွန်လ ၃ဝ ရက် နံနက် ၁ဝ နာရီကျော်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အပေါက်ဝကျေးရွာသားတစ်ဦးက ပြောသည်။
“မနက်က အိမ်ကနေ ကြားလိုက်တယ်။ မိုးကလည်း တအားရွာနေတယ်အဲဒီအချိန်”ဟု ပြောသည်။
ယနေ့နံနက်ကပေါက်ကွဲခဲ့သည့်မိုင်းကြောင့် ထိခိုက်မှုရှိသည်ဟု မကြားမိသေးဟုလည်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ဦးစွန်းတော်ရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ဦးကို နိရဥ္စရာက အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။
အဆိုပါတောင်ပေါ်တွင် စစ်တပ်က နေရာယူထားသည်မှာ အတော်ပင်ကြာနေပြီဖြစ်ပြီး ဒေသခံများမှာ တောင်ပေါ်သို့ပင် သွားရောက်မှုမရှိကြတော့ဟု သိရသည်။
ရခိုင်တွင် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နံနက်ကလည်း သာစည်ကုန်းကျေးရွာမှလယ်သမားဇနီးမောင်နှံနှစ်ဦးသည် လယ်ကန်သင်းဆည်နေစဉ် လယ်ကန်သင်းအတွင်းမိုင်းထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
အလားတူ ဇွန်လ ၁၄ ရက်ကလည်း မြေပုံမြို့နယ် စညှင်းစစ်ရှောင်စခန်းမှ စစ်ဘေးရှောင်၂ ဦးသည် စခန်းအနီးရှိတောင်ပေါ်သို့ မျှစ်သွားခူးစဉ် မိုင်းပေါက်ကွဲမှုဖြစ်၍ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိသွားခဲ့သည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း ကျောက်တော်၊ အမ်းနှင့် မင်းပြားစသည့်မြို့နယ်များတွင် မိုင်းပေါက်ကွဲမှုဖြစ်ခဲ့၍ ဒေသခံ ၃ ဦးသေဆုံးခဲ့သည်ဟု သိရသည်။ (NN-2)
ဓာတ်ပုံ - ပုံဟောင်း

ဆက်စပ် သတင်းများ