စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

မြဝတီခရိုင် ထွေအုပ်ရုံး တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဝန်ထမ်းများနှင့် မိသားစုဝင်များ ရှောင်ရှား နေကြရန် Federal Wings သတိပေး


  • ရေးသူ: Web Master (NN 24)
  • | ရက်စွဲ: ၀၅ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 643

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းက စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများနှင့် မိသားစုဝင်များ အနေဖြင့် သက်ဆိုင်ရာ ရုံး၊ နေအိမ်များကနေ ရှောင်ရှားနေကြဖို့အတွက် Federal Wings အဖွဲ့က စက်တင်ဘာလ ၄ ရက်နေ့က သတိပေးချက် ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် Cobra စစ်ကြောင်းနှင့်အတူ Federal Wings ဒရုန်းတပ်ဖွဲ့တို့ သည် မြ၀တီမြို့နယ် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှုးရုံးပေါ်သို့ ဗုံး ၄ လုံး ဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်။

ခလရ (၂၇၅) ယာယီတပ်ရင်းမှူး အောင်ကျော်မင်း ၊ မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ် ဦးစီးအရာရှိ ဦးထွန်းထွန်းငြိမ်း၊ ထွေ/အုပ်စာရေး ဦးပြည့်ဖြိုးအောင် နှင့် ယာဉ်ထိန်း ရဲအုပ် နေလင်းစိုး တို့ သေဆုံးခဲ့ပြီး ၁၁  ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုဖြစ်ပြီးနောက် Federal Wings အဖွဲ့မှ ယင်းကဲ့သို့ သတိပေးထုတ်ပြန်လာခြင်းဖြစ် သည်။

"သူတို့လက်ခတ်တောင်ကိုတောင် ပြန်မတိုက်နိုင်ခဲ့တာပဲ၊ တော်လှန်ရေးဖက်က အားကောင်းလာသလို စစ်ကောင်စီဖက်ကလည်း အားလျော့လာနေတာ သက်သေပြလိုက်တာပဲလေ၊ ဝန်ထမ်းတွေလည်း စဉ်း စားချင့်ချိန်ကြဖို့ လိုပြီ"ဟု တော်လှန်ရေးရဲဘော်တစ်ဦး က သုံးသပ်ပြောသည်။

ယင်းသို့သော စစ်ဆင်ရေးများ၌ လက်နက်ကိုင်မဟုတ်သော စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ၊ ပြည်သူများ ထိခိုက်မှုမရှိစေရေးအတွက် Federal Wings အဖွဲ့က သတိပေးခြင်းဖြစ်ကြောင်း၊ ဒရုန်း တိုက်ခိုက်မှုများမှာ တိကျမှုရှိသော်လည်း မလိုလားအပ်သည့် ထိခိုက်မှုများမဖြစ်စေလိုသည့်အတွက် ဟုလည်း ဆိုထားသည်။

မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးမှုးရုံး တိုက်ခိုက်ခံရပြီးနောက် မြဝတီမြို့ပေါ်က စစ်ကောင်စီ၏ဌာန ဆိုင်ရာရုံးများ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးများ၊ မြို့တွင်းလမ်းမ၊ လမ်းဆုံများတွင် ရဲတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့ ဝင်များအား လုံခြုံရေးတိုးမြှင့်ချထားကြောင်း သိရသည်။

နောက်နေ့ စက်တင်ဘာလ ၄ ရက်နေ့ကလည်း နေ့လယ် ၁ နာရီအချိန်၌ လက်ခတ်တောင်တာဝါတိုင် ကုန်းကို စစ်ကောင်စီတပ်မှ တိုက်လေယာဥ်နှင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်မှ လက် နက်ကြီးများနှင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရသည်။

 

Photo: Federal Wings

ဆက်စပ် သတင်းများ