ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မောင်တောမြို့နယ် သာစည်ကုန်းကျေးရွာ စျေးတန်းမီးလောင်၍ ဆိုင်ခန်း (၂၁)ခန်းပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 8.5k

ဇွဲဓန (ကိန်းသာမြေ)
နိရဥ္စရာ၊ ဇန်နဝါရီ ၂၇ / ၂၀၂၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ (၈)မိုင်ခန့်အကွာရှိ သာစည်ကုန်းကျေးရွာ၊ ကျောက်လှေကားစျေးတန်း၌ မီးလောင်မှုဖြစ်၍ စျေးဆိုင်ခန်းပေါင်း (၂၁)ခန်း မီးလောင်ပျက်စီးဆုံးရှုံးသွားသည်ဟု သတင်းရရှိသည်။

ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ အရုဏ်တက်ချိန် ၃ နာရီကျော်ခန့်တွင် အဆိုပါစျေးတန်းရှိ လက်ဖက်ရည်ဆိုင်၏ မီးဖိုမီးကြွင်းမီးကျန်မှတဆင့် အနီးရှိဝါးနံရံအား မီးကူးစက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်က ပြောသည်။

ဦးထွန်းရွှေခိုင်က ̏ မီးလောင်တဲ့အခါ လူတွေပါသွားတာမျိုး ထိခိုက်ဒဏ်ရာရတာမျိုးတွေ မရှိဘူးဗျာ။ ကျနော်တို့ မီးသတ်ရုံးနဲ့ အဲဒီရွာနဲ့ ဝေးဆိုတော့ သွားရတာ နည်းနည်းအခက်ခဲရှိတာပေါ့။ ကျနော်တို့ မီးသတ်ကား လေးစီးနဲ့ မီးငြိမ်းအောင်ထိ လုပ်နိုင်ခဲ့တယ်။ ̋ ဟုပြောသည်။

အဆိုပါမီးလောင်မှုကြောင့် ကျပ် ၁၆ သိန်းကျော်ဖိုးဆုံးရှုံးခဲ့သည်ဟုလည်း သိရသည်။

အဆိုပါမီးလောင်မှုကိစ္စနှင့်ပတ်သက်၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားသော လက်ဖက်ရည်ဆိုင်ပိုင် ဦးရှောင်ရှုအာလောင်အား ပေါ့ဆမီးလောင်မှုပုဒ်မ ၂၈၅ ဖြင့် ပြင်ဖြူနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားသည်ဟုလည်း မောင်တောမြို့၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဓာတ်ပုံ - Rakhine Fire Force

ဆက်စပ် သတင်းများ