သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရည်းစားနှင့်ချိန်းတွေ့နေသူကို ဖုန်းတောင်းမရ၍ ဓါးဖြင်ထိုး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 10.1k

ဆောင်းဇာခြည်

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၃/ ၂၀၂၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က သမီးရည်းစားချိန်းတွေ့နေသူ တစ်ဦးထံမှ ဖုန်းကိုတောင်း၍ မရသဖြင့် အမည်မသိသူ တစ်ဦးမှ ဓါးဖြင့်ထိုးသွားသည့် ဖြစ်စဉ် စ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မင်းဂံရပ်ကွက်မှ အသက် ၁၈ နှစ်အရွယ် မောင်----မှာ သူ့၏ ရည်းစားနှင့် ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေပိုင်း၌ စစ်တွေမြို့ရှိ ကန်တော်ကြီးတွင် ချိန်းတွေ့နေစဉ် အမည်မသိသူတစ်ဦးက လာရောက်ကာ ဖုန်းကို တောင်းပြီး ဖုန်းတောင်းမရရာမှ မောင်----- အား ဓါးဖြင့် ထိုးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းမှ ကိုသာဂီလင်းက ပြောသည်။

သူတို့က ချိန်းတွေ့နေကြတာပေါ့နော်။ အဲဒီမှာ တခြားကောင်လေးတစ်ယောက်ကလာပြီး အဲဒီ ကောင်လေးကို အကူညီတစ်ခုတောင်းလို့ရမလားပြောတယ်ပေါ့။ ဟိုကလည်း ဘာကူညီပေးရမလဲဆိုတော့ အကို့ရဲ့ ဖုန်းခဏပေးပါလားဆိုတော့ ကောင်လေးက မပေးဘူးလို့ပြောတယ်။။ အဲဒီမှာ မပေးတော့ ဓါးနဲ့ ထိုးပစ်ခဲ့တာပါဟု ပြောသည်။

၎င်းဓားထိုးခံရသည့် လူငယ်တွင် ဝမ်းဗိုက်ဘေးဘက်ပေါက် ဒဏ်ရာရသွားပြီး ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း သိရသည်။

အဆိုပါ အမည်မသိလူမှာ ဓါးဖြင့်ထိုးပြီးနောက် ထွက်ပြေးသွားသဖြင့် မဖမ်းမိလိုက်ကြောင်း ယင်းအနီးအနားရှိ ပတ်ဝန်းကျင်မှ ဒေသခံများ ပြောပြချက်အရ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့မရဲစခန်းမှ တာဝန်ရှိ ရဲဝန်ထမ်းတစ်ဦးအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ တရားခံကိုတော့ မဖမ်းမိသေးဘူး။ တရားခံက ဘယ်ကမှန်းလည်း မသိဘူး။ဟု ပြောသည်။

ဒဏ်ရာရ လူငယ်အား ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ကားဖြင့် ယင်းနေ့ ညနေပိုင်းက စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ-ရွှေရောင်မတ္တာဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ