စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဂွမြို့တွင်(၁၁) နှစ်အရွယ်ကလေးငယ်တစ်ဦး အဓ္ဓမပြုကျင့်ရန်ကြံရွယ်သူတစ်ဦး ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 8.3k

ချစ်အိလှိုင်

နိရဉ္စရာ၊ မတ် ၆/ ၂၀၂၁

ရခိုင်ပြည်နယ်၊ ဂွမြို့၊ မြိုမရပ်ကွက်တွင် အသက်(၁၁) နှစ်အရွယ် ယောကျ်ားငယ်တစ်ဦးကို အဓ္ဓမပြုကျင့်ရန် ကြံရွယ်သူ အသက်(၂၁)နှစ် အရွယ် လူငယ်တစ်ဦးကို  ရဲက ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု သတင်းရရှိသည်။

မတ်လ ၄ ရက်နေ့လယ် ၁ နာရီခန့်က ၎င်းကလေးငယ်အား ရိုက်နှက်၍ အဓ္ဓမ ပြုကျင့်ရန် ကြံရွယ်ခဲ့ကြောင်းကလေးငယ်မှာ အသက်(၁၁)နှစ်ဖြစ်ပြီး ပြုကျင့်ရန်ကြံစည်သူမှာ ရွာမရပ်ကွက်မှ အသက် (၂၁)နှစ် အရွယ်အမျိုးသားဖြစ်ကြောင်း မြို့မရပ်ကွက် ရွာလူကြီး တစ်ဦးကပြောသည်။

ကျွန်တော်ရောက်သွားတော့ ကလေးကဆေးရုံရောက်သွားပြီ ။ ခေါင်းကွဲသွားတယ်လို့သိရတယ်။ တစ်ခြားဘယ်နေရာမှာ ဒဏ်ရာရတယ်ဆိုတာတော့ အတိအကျမသိဘူး။ ကလေးက နှစ်ယောက်ကို ခေါ်သွားတာ။ နောက်တစ်ယောက်က ထွက်ပြေးလာတာလို့ သိရတယ်ဟုပြောသည်။

အဓ္ဓမပြုကျင့်ရန် ကြံရွယ်ခံရသည့်ကလေးငယ်မှာ နောက်ထပ် အသက်(၉)နှစ်အရွယ် ကလေးငယ် တစ်ဦးနှင့်အတူ စွန့်ပစ်ပစ္စည်း၊ ပလက်စတိတ် ကောက်နေစဉ် ပြစ်မှုကျူးလွန်သူဟု ယူဆရသူ အသက်(၂၁) နှစ်အရွယ်အမျိုးသား က ထိုးကြိတ်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဂွမြို့ မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိက နိရဉ္စရာ သတင်းဌာနအားပြောသည်။

သူ့ကို ဦးခေါင်းကို လက်သီးနဲ့ထိုးပြီး မြို့မရပ်ကွက်မှာ ပွဲတွေလုပ်တဲ့ ဇာတ်စင်ရှိတဲ့အောက်ကို ခေါ်သွားတာ။ နောက်ကလေးတစ်ယောက်က ဟိုကောင်လေးကို ခေါ်သွားတော့ သူကလည်း ကလေးဆိုတော့ ဘာမှမလုပ်နိုင်တော့ ကျူးလွန်ခံရတဲ့ ကောင်လေးတို့အိမ်မှာ လာတိုင်တယ်လို့ သိရတယ်။ ကလေးက အခုဆေးရုံမှာ ဆေးစစ်ချက်ယူနေပါတယ်။ ဒီကောင်က ကြံရွယ်တာပေါ့။ ဟိုလိုတော့ မမြောက်ဘူးဗျ။ သူ့အင်္ဂါကတော့ ဆရာဝန်က ဆေးစာယူဖို့လုပ်နေတယ်။ အတိကျတော့ မသိရသေးဘူးဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဂွမြို့ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာကောင်းစံမြတ်အား မေးမြန်းရာ ကျူးလွန်ခံရသည့် ကလေးငယ်မှာ ဂွမြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊ ၄င်းတို့အနေဖြင့် ကလေးငယ်မှာ အဓ္ဓမပြုကျင့်ခံခဲ့ရသည်လားဆိုသည့် မေးခွန်းကို ဖြေကြားခွင့်မရှိကြောင်းပြောသည်။

ကလေးက ခေါင်းကွဲလာတာဟုတ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှပြောပြခွင့် မရှိပါဘူး။ တရားရုံးရောက်မှ ဆေးစာကို တင်ပြခွင့်ရှိပါမယ်ဟုပြောသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ကလေးသူငယ်များ အဓ္ဓမပြုကျင့်ခံရသည့် ၂ဝ၂ဝ ပြည့်နှစ်အတွင်း သက်ငယ် မုဒိမ်းမှုများသိသိသာသာမြှင့်တက်ခဲ့ပြီး ယင်းအထဲတွင် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့နှင့်အတူ ရခိုင်နှင့် မွန်ပြည်နယ်တို့တွင်လည်း ဖြစ်ပွားမှုများ ရှိခဲ့ကြောင်း ဥပဒေရေးရာအကူအညီပေးနေသည့် အဖွဲ့၏ ထုတ်ပြန်ချက်များအရသိရသည်။
ဥပဒေကုစားရေးအဖွဲ့မြန်မာ(Legal Clinic Myanmar)၏အချက်အလက်အရ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ၄င်းတိုအဖွဲ့အား အကူအညီတောင်းခံခဲ့သည့် အမှုများထဲတွင် မုဒိမ်းမှု ၁၂၄ မှုရှိခဲ့ကာ ယင်းအထဲတွင် ၁၁၅ မှုမှာ သက်ငယ်မုဒိမ်းမှုဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ