သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေ ပွိုင့်ကမ်းခြေအနီး ကမ်းနားလမ်းတွင် လူ ၁ ဦး သေဆုံးလျက်ရှိတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.2k

နှင်းနွယ်နီ
နိရဥ္စရာ၊ အောက်တိုဘာ ၁၄/၂၀၂၁
ရခိုင်ပြည်နယ် စစ်တွေမြို့ ပွိုင့်ကမ်းခြေအနီး ကမ်းနားလမ်းတွင် ယနေ့နံနက်က လူ ၁ ဦးသေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအလောင်းကို ယနေ့ အောက်တိုဘာလ ၁၄ ရက်၊ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်က စစ်တွေဟိုတယ်အနီးရှိ ကွန်ကရစ်တံတားငယ်အနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် (၄၀ နှစ်)ဝန်းကျင်ခန့်အရွယ်ရှိ အမည်မသိအမျိုးသားတစ်ဦးဖြစ်ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ဒုဥက္ကဋ္ဌ ကိုသာကီလင်းက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။
“အုတ်ခေါင်းမရောက်ခင် လဲပြီးတွေ့တာ။ ပုဆိုးတော့ ဝတ်ထားပါတယ်။ အကျႌတော့မပါဘူး။ နှာခေါင်းကတော့ သွေးနည်းနည်းထွက်လို့ မြင်လိုက်တယ်။ ဒဏ်ရာတွေတော့ မပါဘူး” ဟုုပြောသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ စစ်တွေ အမှတ်(၁) ရဲစခန်းကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။
လက်ရှိတွင် အဆိုပါအလောင်းကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ပြီးခဲ့သော စက်တင်ဘာလ ၁၂ ရက်ကလည်း စစ်တွေမြို့၊ ကမ်းနားလမ်း၊ တြိဂံခွဆုံအနီး ပွိုင့်ကမ်းခြေသွားလမ်း သောင်စပ်၊ ဒီရေတော ခြုံပုတ်ထဲတွင် အသက် ၃၀ ကျော် အရွယ်ရှိ အမည်မသိ အမျိုးသား အလောင်းတစ်လောင်းကို တွေ့ရှိခဲ့သေးသည်။
ပြီးခဲ့သော ဇွန် ၂၄ ရက် ညနေ ၄ နာရီခန့်ကလည်း စစ်တွေမြို့ပွိုင့်ကမ်းခြေတွင် အသက် ရဝ ကျော်အမျိုးသားအလောင်းတစ်လောင်းကိုတွေ့ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ