ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မောင်တောတွင် ရပ်ထားသောကုန်ကားအား ဆိုင်ကယ်ဖြင့်ဝင်တိုက်၍ လူငယ် ၂ ဦးပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.6k

သဥ္ဇာနွယ်
နိရဥ္စရာ၊ အောက်တိုဘာ ၁၈/ ၂၀၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မောင်တော - အငူမော်ကားလမ်းမကြီးတွင် ရပ်ထားသောကုန်ကားအား ဆိုင်ကယ်ဖြင့်ဝင်တိုက်၍ လူငယ် ၂ ဦးပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသောသူ ၂ ဦးမှာ မောင်တောမြို့နယ် ကျောက်ပန်းတူကျေးရွာမှ အသက် ၂၀ အရွယ် ကိုဇော်နိုင်ထွန်းနှင့် ကိုထက်ပိုင်စိုးတို့ဖြစ်သည်။
သူတို့သည် ယမန်နေ့ အောက်တိုဘာ ၁၇ ရက်ညနေပိုင်းက ရသေ့တောင်မြို့နယ် အငူမော်ဘက်မှ မောင်တောသို့ဆိုင်ကယ်တစ်စီးဖြင့်ပြန်လာစဉ် မောင်တောမြို့နယ် မြင်းလွတ်ကျေးရွာအနီး ကားလမ်းတွင် ရပ်ထားသော ကုန်ကားကြီးအား ညနေ ၆ နာရီခွဲခန့်တွင်ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်ကြောင့် ဆိုင်ကယ်စီးလာသူနှစ်ဦးစလုံး ပွဲချင်းပြီးသေဆုံးသွားသည်ဟု မောင်တောမြို့နယ် ကရုဏာကွန်ရက်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ကိုချစ်ထူးခိုင်က နိရဥ္စရာကိုပြောသည်။
“ကျနော်တို့ရောက်တဲ့အချိန်မှာ သူတို့နှစ်ဦး ဆုံးသွားပြီ။ နှစ်ယောက်လုံးက ဦးခေါင်းမှာထိခိုက်သွားတာပါ”ဟု ပြောသည်။
သေဆုံးသူ ၂ ဦး၏ရုပ်အလောာင်းကို လက်ရှိတွင် မောင်တောမြို့နယ် ကျောက်ပန်းတူကျေးရွာသို့ သင်္ဂြိုလ်ရန်ပို့ဆောင်လိုက်ပြီး ကုန်ကားပိုင်ရှင်ကိုလည်း ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေသည်ဟု သိရသည်။
ဓာတ်ပုံ - မောင်တောမြို့နယ် ကရုဏာကွန်ရက်လူမှုကူညီရေးအသင်း

ဆက်စပ် သတင်းများ