သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မင်းပြားတွင် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ရာမောင်တံတားပေါ်မှ ခုန်ချမှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.2k

နွေဦးမေ
နိရဥ္စရာ၊ ဧပြီ ၄/ ၂၀၂၂
ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် အသက် ၁၇ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးသည် အသစ်ဆောက်လုပ်ထားသည့်ရာမောင်တံတားပေါ်မှ ခုန်ချမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါအမျိုးသမီးငယ်သည် ဧပြီ ၃ ရက် နေ့လယ် ၂ နာရီခန့်တွင် ဆိုင်ကယ်နှင့်လာပြီး ဆိုင်ကယ်ကို တံတားပေါ်ရပ်တန့်ကာ ယခုကဲ့သို့ခုန်ချသွားခြင်းဖြစ်သည်ဟု မင်းပြားမြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးစိုးမင်းက နိရဥ္စရာကို ပြောသည်။
"နေ့လယ် နှစ်နာရီလောက်က ခုန်ချသွားတာ။ ဆိုင်ကယ်ရပ်ပြီးတော့။ သူက ဘယ်ကလဲတော့ မသိသေးဘူးအတိအကျ"ဟု ပြောသည်။
မင်းပြားမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကလည်း ခုန်ချသွားသည့်အမျိုးသမီးငယ်မှာ မင်းပြားမြို့နယ် အဝရွာအုပ်စုရှိကျေးရွာတစ်ရွာမှဖြစ်ပြီး အမည်၊ မိဘအမည်နှင့် ကျေးရွာအမည်တို့ကို စုံစမ်းနေကြဆဲဖြစ်သည်ဟု ပြောသည်။
“ကျနော် တံတားနားက စျေးရောင်းသူတွေကို မေးကြည့်တော့ သူတို့မြင်လိုက်တယ်ပြောတယ်။ ခုန်ချသွားတာပဲမြင်လိုက်တာ။ အသေးစိတ်ကို မသိရသေးဘူး”ဟု ပြောသည်။
လက်ရှိတွင် အဆိုပါအမျိုးသမီးငယ်အား မင်းပြားမြို့မှ လူမှုရေးအဖွဲ့များက မြစ်အတွင်း ရှာဖွေနေကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ