သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်တွင် သင်္ကြန်ကာလအတွင်း စက်လှေတစ်စီးနစ်မြုပ်ရာမှ အသက်နှစ်ဆယ်ကျော်အရွယ်အမျိုးသမီးနှစ်ဦးအပါအဝင် လေးဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 6.3k

နှင်းနွယ်နီ
နိရဥ္စရာ၊ ဧပြီ ၁၈ /၂၀၂၂
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် စွန်ရဲမြစ်တွင် ပြီးခဲ့သည် သင်္ကြန်အကြတ် ဧပြီ ၁၅ ရက်နေ့က စက်လှေတစ်စီး နစ်မြုပ်ရာမှ ပေါက်တောမြို့မှ အမျိုးသမီး ၂ ဦးအပါအဝင် လူ ၄ ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
၎င်းစက်လှေသည် ဧပြီလ ၁၅ ရက်က လူ ၁၅ ဦးတင်ဆောင်ပြီး ကြိုင်းရှီ ကျေးရွာမှ ပေါက်တောမြို့သို့ ပြန်လာစဉ် စွန်ရဲမြစ်အတွင်း လှိုင်းထန်၍ နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း စွန်ရဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သောင်းလှက နိရဉ္စရာသတင်းဌာနကို ပြောသည်။
သေဆုံးသွားသူများမှာ ပေါက်တောမြို့ ရပ်ကွက် (၁) မှ ကိုညီဖြူချေ(ခ) အောင်လင်းထွန်း (၂၈ နှစ်) (ဘ ) ဦးမောင်လှ၊ မချေ(ခ) မခင်ရတနာကျော် (၂၃ နှစ်) (ဘ) ဦးမောင်လှ၊ မမိုးငြိမ်းအေးမြ (၂၆ နှစ်) (ဘ) ဦးမိုးသာထွန်းနှင့် ကိုဦးစောထွန်း (၂၃ နှစ်) (ဘ)ဦးအဝိုင်းဖြူတို့ဖြစ်ကြောင်း သိရသည်။
“လှေမြုပ် တဲ့ ဧပြီ ၁၅ ရက်နေ့ ၆ နာရီလောက်မှာ မိုးငြိမ်းအေးမြ အလောင်းကို တွေ့တယ်။ ဧပြီ ၁၆ နေ့ ည ၈ နာရီလောက်မှာ ညီဖြူချေကိုတွေ့တယ်၊ နောက် ၂ ယောက်ကတော့ ၁၇ ရက်နေ့ မနက် ၈ နာရီလောက်မှာတွေ့တယ်။ သူတို့က မိသားစုတွေ။ ညီဖြူချေနဲ့ မိုးငြိမ်းအေးမြက လင်မယား၊ ပြီးတော့ မချေကတော့ ညီဖြူချေရဲ့ ညီမ တော်စပ်ပါတယ်” ဟုပြောသည်။
၎င်းတို့သည် ပေါက်တောမြို့မှ ဖြစ်ကြပြီး မင်းပြားမြို့နယ် စွန်ရဲကျေးရွာတွင် သင်္ကြန်လည်ပြီးနောက် ပေါက်တောမြို့နယ် ကြိုင်းရှီကျေးရွာသို့ အမျိုးလည်ရန်သွားခဲ့ကြကာ သင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက်နေ့ ညနေ ၃ နာရီခန့်က ကြိုင်းရှီကျေးရွာမှ ပေါက်တောမြို့သို့ စက်လှေဖြင့် ပြန်လာသည့်အချိန်တွင် လှိုင်းထန်၍ စက်လှေနစ်မြုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုသည်။
“စက်လှေမှာ မင်းပြား စွန်ရဲက ယောကျ်ား ၅ ယောက်၊ ပေါက်တောက ယောက်ကျ်ား ၅ ယောက်၊ မိန်းမ ၅ ယောက်၊ စုစုပေါင်း ၁၅ ယောက်ပါတယ်။ သေတဲ့လူ ၄ ယောက်စလုံးကတော့ ပေါက်တောမြို့က ဖြစ်ပါတယ်” ဟု ဦးကျော်သောင်းလှက ရှင်းပြ ပြောဆိုသည်။
သေဆုံးသွားသူများ၏ အလောင်းကို ၎င်းတို့ နေရပ် ပေါက်တော သုသာန်တွင် သင်္ဂြိုလ် လိုက်ပြီဖြစ်ကြောင်း သိရသည်။
(Photo by BBC)

ဆက်စပ် သတင်းများ