အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

မောင်တောတွင် တောထဲသို့ဝါးခုတ်သွားသည့် အမျိုးသား ၂ဦး အသတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 5.8k

နိရဉ္စရာ၊ ဒီဇင်ဘာ ၁၉/ ၂၀၂၂

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် တောထဲသို့ဝါးခုတ်ရန်သွားသည့်  ကျေးရွာသား နှစ်ဦး ၂ဦး အသတ်ခံလိုက်ရသည်ဟု  တင်းရရှိသည်။

 

၎င်းတို့   ဦးမှာ မောင်တောမြို့နယ်၊ ရွှေတောင်ကျေးရွာမှ အသက် (၂၈)နှစ်အရွယ် ဦးသိန်းထွန်းနှင့် အသက် (၃၆)နှစ်အရွယ် ဦးဘသန်းတို့ဖြစ်ကြသည်။

 

သူတို့နှစ်ဦးသည် ယမန်နေ့ဒီဇင်ဘာလ ၁၈ ရက်၊ မနက် ၈ နာရီခန့်တွင် နေအိမ်အတွက်လိုအပ်သည့် ဝါးများခုတ်ရန် တောထဲသို့ဝါးခုတ်သွားရာမှ အိမ်ပြန်မရောက်ရှိပဲပျောက်ဆုံးနေသဖြင့် ယနေ့ ရွာသားများလိုက်ရှာရာမှ သူတို့နှစ်ဦး၏ အလောင်းကို မြေမြုပ်၍ တွေ့ရှိခဲ့သည်ဟု ရှာဖွေရာတွင် ပါဝင်သူ ရွာသားတစ်ဦးက ပြောသည်။

 

အခု အလောင်းတွေ့ပါတယ်။ မြေမြုပ်ပြီးတွေ့တာပါ။ နေ့လယ် ၁ နာရီလောက်ကပါ။ အခုဒီလောက်ပဲ ပြောလို့ရပါမယ်ဟု ပြောသည်။

 

ပျောက်ဆုံးနေသည့် ဦးသိန်းထွန်းနှင့်၊ ဦးဘသန်းတို့  ယနေ့ ဒီဇင်ဘာလ ၁၉ရက်၊ မနက် ၆ နာရီမှစတင်ပြီး ကျေးရွာသားများက စပေါင်း လိုက်ရှာကြရာ ထူးခြားသည့် အထောက်အထားတချို့ကို တွေ့ရသည်ဟုလည်း လိုက်ရှာရာတွင်ပါဝင်သည့် ကျေးရွာသားတစ်ဦးက ပြောသည်။

 

"မနက်စောစောကနေ ကျွန်တော်တို့လိုက်ရှာနေတာ။  သူတို့ကို သတ်သွားတဲ့ နေရာအနီးမှာလည်း ထူးခြားမှုတွေ တွေ့ရတယ်။ ပြောရရင်တော့ သူတို့နှစ်ယောက်က အဖမ်းခံရပြီးတဲ့နောက် အသတ်ခံရတဲ့ ပုံစံပါ ။ စခန်းချ တဲထိုးပြီးနေခဲ့တဲ့ နေရာတွေ တွေ့ရတယ်။ ဆိုလာပြားတွေ။ မီးဖိုခဲ့တဲ့ နေရာတွေကိုလည်းတွေ့ရတယ်" ဟု ပြောသည်။

 

ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှ အသက် ၆၈ နှစ်အရွယ်အမျိုးသား ၁ဦး တောထဲသို့ ခြံ စည်းရိုးတိုင်ခုတ်ရန်သွားရာမှ သုံးရက်ကြာပျောက်ဆုံးနေရာမှ ပြန်ရှာတွေ့ခဲ့သည်။(NN-12)

ဆက်စပ် သတင်းများ