ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

စမ်းချောင်းမြို့နယ် နေအိမ်ပျက်တစ်ခုအတွင်းမှ ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦးအလောင်း တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.9k

နိရဉ္စရာ၊ ဧပြီ ၁၉/ ၂၀၂၃

 

ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ပဒုမ္မာပန်းခြံအနောက်ဘက်ရှိ နေအိမ်ပျက်တစ်ခုအတွင်းမှ  ဦးခေါင်းရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းကို ယနေ့နံနက်က  တွေ့ရှိခဲ့ကြောင်း ဒေသခံများပြောသည်။

 

မနက် ၇ ခွဲကျော်ကျော် ၈ လောက်က တွေ့ကြတာ။ တွေ့တွေ့ချင်း သက်ဆိုင်ရာကို အကြောင်းကြား ကြတယ်။ ပြီးတော့ စမ်းချောင်းမီးသတ်က ကူညီပြီး အလောင်းကို ဆေးရုံကို ပို့ထားတယ်။ စစ်ဆေးမှု တော့လုပ်နေကြတယ်လို့ သိရတယ်ဟု အနီးနေထိုင်သူ ဒေသခံ တစ်ဦးက ပြောသည်။

 

သေဆုံးသူကို ဧပြီလ ၁၉ ရက်နေ့ နံနက် ၈ နာရီ ကျော်ခန့်က အနီးနား နေထိုင်သူများက တွေ့ရှိခဲ့ပြီး ၎င်းမှာ ဦးခေါင်းဒဏ်ရာမှ သွေးထွက်လွန်ကာ သေဆုံးပုံရကြောင်း၊  ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းက ပြောကြားသည်။

 

သေဆုံးသူမှာ မည်သူမည်ဝါ ဖြစ်ကြောင်းကို မသိရှိရသေးဟု ဆိုသည်။

 

ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းကလည်း မွေးကင်းစကလေးငယ်တစ်ဦး သေဆုံးအလောင်းကို ဗားကရာလမ်းမပေါ်ရှိ ပန်းခြံတာဝါအနီး အမှိုက်ပုံးထဲတွင် တွေ့ရှိခဲ့သည်ဟု သိရသည်။

 

၎င်းကလေးငယ်၏ အလောင်းကိုလည်း စမ်းချောင်း မီးသတ်စခန်းကပင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

 

(NN – 25) ဓာတ်ပုံ - ဦးခေါင်းဒဏ်ရာများဖြင့်သေဆုံးရုပ်အလောင်း

ဆက်စပ် သတင်းများ