ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရန်ကုန်တွင် ရွေးကော် ဒုညွှန်ချုပ် ပစ်သတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.8k

နိရဥ္စရာ၊ ဧပြီ ၂၂/၂၀၂၃

 

ပြည်ထောင်စုရွးကောက်ပွဲ ကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူ ပစ်သတ်ခံရမှု ဧပြီလ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီခန့် က ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

 

"ဝေဇယန္တာလမ်း ၁၆ လမ်းဆုံအရောက်မှာ သူမောင်းလာတဲ့ ကားပေါ်မှာပဲ ပစ်သတ်ခံရတာ"ဟု ဖြစ်စဥ်အနီး ဖြတ်သန်းသွားလာခဲ့သူ တစ်ဦးက ပြောသည်။

 

 ဦးစိုင်းကျော်သူ၏ ခန္ဓာကိုယ်တွင် သေနတ်ဒဏ်ရာ ၅ ချက်ထိမှန်ခဲ့ပြီး စံပြဆေးရုံပို့ဆောင်စဥ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

 

အခင်းဖြစ်ပွားရာ နေရာ၌ ကျည်အခွံ ၁၂ ခုတွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

 

ြစ်စဥ်သည် ၎င်း၏ ဇနီး (ဆရာဝန်)အား ဆေးခန်းပို့ပြီး အပြန်တွင် သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်းကိုလည်း အခင်းဖြစ်ပွားရာအနီး ပတ်ဝန်း ပြောပြချက်အရသိရှိရသည်။ (NN - 25)

 

ဓါတ်ပုံ - ပြည်တောင်စုရွေးကောက်ပွဲကော်မရှင်

 

ဆက်စပ် သတင်းများ