သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်း ကင်းချောင်းဝ၌ လူသေအလာင်းတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

နိရဥ္စရာ၊ ဧပြီ ၂၄/၂၀၂၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ ကင်းချောင်းဝ၌ သေဆုံးနေသော အလောင်းတစ်လောင်း တွေ့ရှိခဲ့သည်ဟု သိရသည်။

အဆိုပါအလောင်းမှာ ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်မှ အသက် (၃၆)နှစ်အရွယ် ဦးညီညီဖြစ်သည်။

အလောင်းကို ဧပြီလ ၂၄ ရက်၊ ညနေ ၂ နာရီတွင် ကင်းချောင်းဝ၌တွေ့ရှိခြင်းဖြစ်သည်ဟု အလောင်းအားသွားရောက်ဆယ်ယူခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်း (PDYO)မှ အတွင်းရေးမှူး ကိုမောင်မောင်သန်းက ပြောသည်။

"ကျွန်တော်တို့ကို ဆက်သွယ်လာလို့ ကျွန်တော်တို့က အလောင်းကိုသွားရောက်ဆယ်ယူပေးခဲ့ပါတယ်။ ရေနစ်လို့သေတာလို့ ယူဆရပါတယ်" ဟု ပြောသည်။

သေဆုံးသွားသည့် ဦးညီညီမှာ ဧပြီလ ၂၃ ရက်၊ ညနေ ၄ နာရီခန့်က ကင်းချောင်း၌ရေနစ်ကာ သေဆုံးသွားခြင်း ဖြစ်နိုင်သည်ဟု မှတ်ချက်ပေး ပြောဆိုနေကြသည်။

သူ့အလောင်းကိုတွေ့ပြီးနောက် ပုဏ္ဏားကျွန်းမြို့ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်လိုက်ပြီး ညနေ ၅ နာရီခွဲက ပုဏ္ဏားကျွန်းသုသာန်တွင် သင်္ဂြိုလ်လိုက်ပြီဖြစ်သည်ဟုလည်း သိရသည်။ (NN-12)

Photo - PDYO

ဆက်စပ် သတင်းများ