- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၃
ရန်ကုန်တိုင်းဒေသကြီး၊
ဒဂုံမြိုသစ်ဆိပ်ကမ်းမြိုနယ်၊ မြိုနယ်စီမံအုပ်ချုပ်ရေးကော်မတီ
ဦးကြည်လှသည် ကားဖြင့်
အိမ်သို့ ပြန်လာစဉ် စီ - ၁ လမ်းနှင့် စိန်ပန်းလမ်းထောင့်ရောက်တွင်
ဆိုင်ကယ်တစ်စီး မှ သေနတ်ဖြင့်လာရောက်ပစ်ခတ်သွားခဲ့
“ဒီလူက ဇွန် ၂၃ ရက် ညမှာပဲ
ပစ်သတ်ခံရလိုက်ရ အိမ်အပြန်လမ်းပဲပြောရမှာပေါ့။ အလောင်းကတော့
ဆေးရုံယူသွားတယ်”ဟု
ဒဂုံဆိပ်ကမ်းက ဒေသခံ တစ်ဦးက ပြောသည်။
ဦးလှကြည်ကို
သေနတ်ဖြင့် ၁၂ ချက်ပစ်ခတ်ခဲ့ပြီး ၎င်းတွင်ယာရင်ဘတ်ကျည်ထိဒဏ်ရာ၊ ယာနံဘေးထိမှန်ဒဏ်ရာ၊
ဝဲရင်ဘတ်ထိမှန် ဒဏ်ရာများရရှိခဲ့ပြီး စိုးရိမ်ရသည့်အနေအထားဖြစ်ကြောင်
“ဒီလောက်ပစ်ခံရမှတော့သေပြီပေါ့။
ဒီလူကအရင် ၉၃ က အုပ်ကြီးဗျ အာဏာသိမ်းပြီး မြို့နယ်ထွေအုပ်စီမံအဖွဲ့
ဝင်ဖြစ်လာခဲ့တာဗျ”ဟု
ဒေသခံ တစ်ဦးကလည်း ဦးလှကြည် ပစ်ခတ်ခံရမှုကို အတည်ပြု
ထပ်လောင်းပြောဆို သည်။
၎င်အား ပစ်ခတ်ရှင်းလင်းခြင်းကို
ရန်ကုန်မြို့က တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် Dagon Seikkan PDF က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း
ပြောဆိုထားသည်။
အဆိုပါ
ပစ်ခတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများတွင်
ဟုတ်မှန်ကြောင်း အတည်ပြု ရေးသားဖော်ပြထားသည်။ (NN – 25)
ဓာတ်ပုံ -
ပစ်ခတ်ခံခဲ့ရသည့် ဦးလှကြည် ပုံ (လူမှုကွန်ယက်)