သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်တော်တွင် ရဲဒုတပ်ကြပ်တစ်ဦး သေနတ်ကျည်ထိမှန်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 865

သိန်းဇော်(မောင်တော)
စစ်တွေ၊ အောက်တိုဘာ ၂၇/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ယနေ့နံနက်က ရဲဝန်ထမ်းတစ်ဦး သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသည့် ရဲဝန်ထမ်းမှာ ကျောက်တော်မြို့ပြည်တော်သာ ရပ်ကွက်မှ ဖြစ်ပြီး ကစ္ဆပနဒီတံတားတွင် ဂိတ်တာဝန် ထမ်းဆောင်နေသူ အသက် (၅ဝ)အရွယ် ဒုတပ်ကြပ် ဦးသန်းအောင်(ခ) မောင်ဖြူ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၉နာရီခန့်က ကစ္ဆပနဒီတံတား ဂိတ်တွင်တာဝန်ထမ်းဆောင်နေစဉ် ၄င်းကိုင်ထားသည့် သေနတ်အား ပွတ်တိုက်ရာမှ ကျည်ထွက်ပြီး ထိမှန်ဒဏ်ရာရရှိသွားကာ ထိုနေရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ကျောက်တော်မြို့ခံ တစ်ဦးဖြစ်သူ ကိုကျော်လှမြင့်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“သေတာက ရဲဝန်ထမ်း ဒုတပ်ကြပ်တစ်ယောက်လို့ သိရပါတယ်။ သူတို့ ပြောပုံအရဆိုရင် သေနတ်ကို ပွတ်တိုက်နေတဲ့ အချိန် ကျည်ထွက်သွားတယ်လို့ ပြောပါတယ်။ သူကကစ္ဆပနဒီ တံတားဂိတ်မှာ တာဝန်ကျနေတာလို့လည်း သိရပါတယ်” ဟု ပြောသည်။

သေဆုံးသွားသူမှာ ပခုံးတွင် သေနတ်ကျည်ထိဒဏ်ရာ တစ်ချက်ဖြင့် ထိုနေရာတွင်သေဆုံးသွားခြင်း ဖြစ်သည်ဟု ၄င်းကပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိရန် ကျောက်တော်မြို့မရဲစခန်းသို့ နိရဥ္စရာ သတင်းဌာနမှ ယနေ့ညနေ ၄ နာရီ ၂၅မိနစ်က ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုမရရှိခဲ့ပါ။

လွန်ခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ကျောက်တော်မြို့ ဆိပ်ကမ်းတွင် တာဝန်ထမ်းဆောင်နေစဉ် အသက် ၅ဝ အရွယ် ရဲတပ်ကြပ်ကြီး တစ်ဦးလည်း  ဓားထိုးခံရပြီး သေဆုံးသွားကြောင်း သိရသည်။

---------------------------

Unicode:










ဆက်စပ် သတင်းများ