သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်တော် မြန်မာ့စီးပွားရေးဘဏ်မှ ကျပ်သိန်းပေါင်း ၂ဝဝဝ အလုခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 538

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ နိုဝင်ဘာ ၂၆/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများထံမှ ကျပ်ငွေ သိန်းပေါင်း ၂ဝဝဝ အလုခံရသည်ဟု သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေကြောင်း ဒေသခံများက ပြောကြားသည်။

အဆိုပါ သတင်းအား လက်ခံရရှိပြီးနောက် ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်(ခ) ဦးမောင်သန်းစိန်အား ဆက်သွယ်ရာ ၎င်းလုယက်မှုဖြစ်ပွားခဲ့ခြင်းကို အတည်ပြုပြောကြားသည်။

“ ကျွန်တော် သက်ဆိုင်ရာ ဘဏ်နေဂျာကို ဆက်သွယ်မေးကြည့်ပါတယ်။ လုယက်ခံရတာကို အတည်ပြုပါတယ်။ ငွေဘယ်လောက်ပါသွားတယ်ဆိုတာ စာရင်းစစ်ကြည့်ပြီးမှ သိရမယ်လို့ ပြောပါတယ်။ ငွေသေတ္တာနှစ်လုံးလို့ ပြောပါတယ်။ ဒီနေ့ညနေ ၅ နာရီခန့်မှာ စီးပွားရေးဘဏ်ကနေ ရဲစခန်းငွေတိုက်ကို ငွေတွေကို သွားသွင်းဖို့ ယူဆောင်ရာမှာ မျက်နာဖုံးစွပ်ထားတဲ့ လူနှစ်ဦးက ဆိုက်ကားကို ဆိုင်ကယ်နဲ့ တိုက်ပြီး ငွေသေတ္တာတွေကို သုံးဘီးကားပေါ်တင်ပြီး ယူသွားတယ်လို့ သိရပါတယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ပြောကြားသည်။

၎င်းမျက်နာဖုံးစွပ်ထားသူနှစ်ဦးမှ ဆိုက်ကားကို ဆိုင်ကယ်နှင့် တိုက်ပြီး ဆိုက်ကားသမားလဲကျသွားစဉ် ၎င်းတို့မှ ပါလာသော လက်နက်များဖြင့် ဘဏ်မန်နေဂျာ အမျိုးသမီးနှင့် ဝန်ထမ်းများကို တည့်ကာ ယူဆောင်သွားခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ကျောက်တော် ဒေသခံ တစ်ဦးကလည်း ကျပ်ငွေသိန်းပေါင်း ၂ဝဝဝ ပါသွားသည်ဟု သတင်းဖြစ်ပေါ်နေကြောင်း ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကျောက်တော်မြို့မရဲစခန်းသို့ အကြိမ်ကြိမ် ဖုန်းဆက်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။ 

ကျောက်တော်မြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ၎င်းဖြစ်စဉ် ဖြစ်ပွားခြင်းကို ကြားသိရကြောင်း၊ ဖြစ်စဉ်မှာ မှန်ကန်ကြောင်း၊ သို့သော်မည်သို့ မည်ပုံဖြစ်ပွားသည်ကို မသိရှိရသေးကြောင်း၊ ရဲက စုံစမ်းစစ်ဆေးနေတုန်း ဖြစ်ကြောင်း ပြောကြားသည်။

---------------------------------

Unicode:



နိရဉ်စရာ၊ နိုဝငျဘာ ၂၆/ ၂ဝ၁၉








ဆက်စပ် သတင်းများ