ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် ဆိုင်ကယ်တစ်စီးနှင့်အတူ မီးရှို့ခံထားရသည့် အလောင်းတစ်လောင်း တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 9.9k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၄/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဆိုင်ကယ်တစ်စီးနှင့်အတူ မီးရှို့ခံထားရသည့် အလောင်း တစ်လောင်းအား တွေ့ရှိရကြောင်း သတင်းရရှိသည်။

အဆိုပါသေဆုံးသူနေသူမှာ ကျောက်ဖြူမြို့နယ် ကုန်ဘောင်ကျေးရွာမှ ဦးရဲအောင်(၄၅)နှစ်ဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ နံနက် ၈ နာရီခွဲ့ခန့်တွင် မကျည်းတောင်ကျေးရွာအရှေ့ဖက် ၄ ဖာလုံခန့် ရန်ကုန် - ကျောက်ဖြူ ကားလမ်းအနီး လယ်ကွင်းတစ်ခုတွင် ၄င်း၏ဆိုင်ကယ်နှင့်အတူ မီးလောင်ကျွမ်း သေဆုံးလျက်တွေ့ခြင်းဖြစ်ကြောင်း ကုန်းဘောင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက ပြောသည်။

 “သူကတပ်ထွက်တစ်ယောက်လို့သိရတယ်။ ကျပန်းလုပ်စားနေတာပါ။ ဒီနေ့ မနက်က အလောင်း တစ်လောင်းတွေ့တယ်ဆိုလို့ို့ သွားကြည့်တာပါ။ သတ်ပြီး ကောက်ရိုးနဲ့ မီးရှို့ထားခဲ့တာပါ” ဟု ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက နိရဥ္စရာသတင်းဌာနအား ပြောသည်။

၎င်း လူသေအလောင်းမှာ မီးကျွမ်းနေပြီး ဆိုင်ကယ်မှာလည်း မီးကျွမ်း၍ တွေ့ရှိရကြောင်း ၊ ပြစ်မှု ကျူးလွန်သူအား မသိရှိရသေးကြောင်း ၄င်းကဆက်ပြောသည်။

ကျောက်ဖြူမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက “သူ့ကို ရိုက်ပြီးတော့မှ မီးရှို့ထားတာ။ ဘယ်အချိန် သေလည်း မသိဘူး။ သူက ကြက်ရောင်းတယ်လို့သိရတယ်။ အမှုကို စုံစမ်း စစ်ဆေးနေတုန်း ပါနော်”ဟု နိရဥ္စရာသတင်းဌာနအား အတည်ပြုပြောကြားသည်။

အဆိုပါအမှုအား ကျောက်ဖြူမြို့မရဲစခန်းမှ ပ/၁၁၅ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ တို့ဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။

--------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၂၄/၂ဝ၂ဝ









ဆက်စပ် သတင်းများ