ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မောင်တောမြောက်ပိုင်း ဘောက်ရွာမှ မြိုအမျိုးသမီးငယ် တစ်ဦးအသတ်ခံရ၊ အမျိုးသမီးနှစ်ဦး ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 884

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ မတ် ၁၄/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ နယ်မြေ (၁)၊ ရဲအောင်အုပ်စု ဘောက်ရွာမှ အသက် ၁၇ အရွယ် မြိုအမျိုးသမီးတစ်ဦး တောင်ယာသွားစဉ် အသတ်ခံရပြီး နောက် အမျိုးသမီး နှစ်ဦးမှာ ပျောက်ဆုံး နေကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းက ပြောသည်။

အသတ်ခံရသူမှာ မဆောင်သောင်း (၁၇) နှစ်ဖြစ်ပြီး အလောင်းကို ယမန်နေ့ ည ၇ နာရီ ကျော်လောက်တွင် ရွာအနောက်ဘက် စမ်းချောင်း တစ်ဘက်ကမ်းတွင်  ရှာဖွေတွေ့ရှိခဲ့သည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

ပျောက်ဆုံးနေသူ အမျိုးသမီး နှစ်ဦးမှာ ဒေါ် တောင်ရူ (၄ဝ) နှစ်၊ မဆောင်လုံ (၂ဝ) နှစ်တို့ ဖြစ်ကြသည်။

“ သူတို့ သုံးဦးက ငရုတ်သီး စားစရာမရှိတဲ့ အတွက် သွားခူးမယ်ဆိုပြီး တောင်ယာကို ညနေ ၃ နာရီခွဲမှာ သွားကြတာပါ။ ရွာမှာက ည ၆ နာရီဆို ပြန်လာရမယ်ဆိုပြီး စည်းကမ်းထုတ်ထားပါတယ်။ သူတို့ သွားတာနဲ့ ရွာနဲ့ နီးနီးလေးပါ။ ချောင်းကလေးရဲ့ တစ်ဖက်ကမ်း။ ရွာကလည်း တောင်ယာကို လှမ်းမြင်ရပါတယ်။ ညနေ  ၆ နာရီထိုးထိ သူတို့ပြန်မရောက်လာဘူး။ ဒါနဲ့ ယောက်ကျားဖြစ်သူက ကျွန်တော်ကို လာတိုင်တဲ့ အတွက် ဌာနဆိုင်ရာကို အကြောင်းကြားပြီး လိုက်ရှာကြတော့ အလောင်း တစ်လောင်းတွေ့တယ်။  မဆောင်သောင်းပေါ့” ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

နောက်ထပ် နှစ်ဦးကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပြီး  လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အတူ လိုက်ရှာနေကြောင်း ပြောကြားသည်။

ယခု အခင်းဖြစ်ပွားသော ဘောက်ရွာမှာ  ဘင်္ဂလာဒေ့ရှ် နယ်စပ်နှင့် နီးကပ်စွာ တည်ရှိသည်ဟု သိရသည်။

----------------------------- 

Unicode:


နိရဉ်စရာ၊ မတျ ၁၄/ ၂ဝ၂ဝ








ဆက်စပ် သတင်းများ