ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေမြို့အဝေးပြေးကားဂိတ်အနီး လမ်းပေါ်တွင် အမည်မသိလူတစ်ဦးသေဆုံးနေ၍ ဒေသခံများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 780

နီမင်းထွန်း၊ ချစ်အိလှိုင်
နိရဥ္စရာ၊ မတ်လ ၃ဝ/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အဝေးပြေးကားဂိတ်နောက်ဘက် ဓာတ်လယ်ကျောင်းအနီး လမ်းပေါ်တွင် အမည်မသိ အသက် ၅ဝ အရွယ် အမျိုးသားတစ်ဦး သေဆုံးနေကို တွေ့ရှိရသဖြင့် အနီးအနားရှိ ဒေသခံများစိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။  

မျက်မြင်တစ်ဦးဖြစ်သည့် ဒေါ်မဌေးကြည်က “ သရက်သီးစားချင်လို့ အဲဒီအနားက သရက်ပင်အောက်ကို သွားတာ။ အဲဒီမှာ သူလဲနေတာတွေ့တယ်။ အစက သေလား၊ မသေလားမသိဘူ။ လူတွေကိုခေါ်လို့ကြည့်မှ သေနေတာလို့သိရတယ်။ ဒီနေ့ နေ့လယ် ၁ နာရီလောက်မှ သူသေနေတာကို တွေ့တာပါ” ဟု နိရဥ္စရာ သတင်းဌာနကို ပြောသည်။

အမည်မသိရသေးသည့် လူတစ်ဦးလမ်းပေါ်တွင် သေဆုံးနေသည်မှာဟုတ်မှန်ပြီး အရက်မူးပြီး သေဆုံးခြင်းဖြစ်နိုင်သည်ဟု ၄င်းစက်ရုံစုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဦးသိန်းလှိုင်ကပြောသည်။

“ သေနေတာတော့ဟုတ်တယ်။ ဘယ်သူမှန်းတော့မသိရသေးဘူး။ သူ့မျက်နှာတွေဖောင်းပွနေတာကို ကြည့်လို့အရက်မူးပြီး သေသွားတာဖြစ်နိုင်တယ်လို့ ယူဆတယ်” ဟု ၄င်းကပြောသည်။

ကိုရိုနာဗိုင်းစ်ရပ် ရောဂါကြောင့် ပြည်သူ လူထု အကြား စိုးရိမ်မှုများ မြင့်တက်နေသဖြင့် ၄င်းအမည်မသိသူ လမ်းပေါ်တွင် သေဆုံးမှုနှင့်ပတ်သက်၍  မည်သည့် အတွက်ကြောင့် သေဆုံးနေသည်ကို သက်ဆိုင်ရာမှ အမြန်ဆုံး သတင်းထုတ်ပြန် ပေးသင့်ကြောင်း ၄င်းအနီးအနားမှ ဒေသခံများက ပြောကြားသည်။

------------------------

Unicode:


နိရဉ်စရာ၊ မတျလ ၃ဝ/၂ဝ၂ဝ








ဆက်စပ် သတင်းများ