- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၃
မာန်ယုကျော် (ရွှေဝမြေ)၊ အိမ်စိုးဖြူ
စစ်တွေ၊ ဇွန် ၁ဝ / ၂ဝ၂ဝ
ရခိုင်ပြည်နယ် စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၂)မှ ငွေကျပ်သိန်း ထောင့်ရှစ်ရာ ဓားပြတိုက်သွားသူများအနက် နှစ်ဦးကို နာရီပိုင်းအတွင်း ဖမ်းမိပြီဟု သိရသော်လည်း ကျန်နှစ်ဦးနှင့် ကျပ်သိန်း ၁၈ဝဝ ပျောက်နေဆဲဟု သိရသည်။
စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်(၂)မှ ငွေကျပ်သိန်း ထောင့်ရှစ်ရာကို ယနေ့ ညနေ ၄ နာရီကျော်က မျက်နှာဖုံးစွပ်ထားသည့်လူလေးဦးက ဓားပြတိုက်သွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်ပူးပေါင်းအဖွဲ့တို့က လိုက်လံဖမ်းဆီးရာ ညနေ ၅ နာရီကျော်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက နိရဥ္စရာသို့ အတည်ပြုပြောသည်။
"ကားနဲ့လူ နှစ်ယောက်ဖမ်းမိတယ်။ ပါသွားတဲ့ သိန်း ၁၈ဝဝ နဲ့ လူနှစ်ယောက်တော့ ပျောက်နေသေးတယ်"ဟု ၎င်းက ပြောသည်။
ဖမ်းမိသူနှစ်ဦးအား မည်သည့်နေရာတွင် ဖမ်းမိ်သည်ဆိုသည်ကို ဖြေဆိုခြင်းမရှိခဲ့ပေ။
ဖမ်းဆီးရမိသူနှစ်ဦးမှာ မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို စစ်ဆေးနေဆဲဖြစ်ပြီး သိန်း ၁၈ဝဝ နှင့်အတူပျောက်နေသူနှစ်ဦးကိုလည်း ဆက်လက်ရှာဖွေနေသေးသည်ဟု ဗိုလ်မှူးချုပ်က ဆိုသည်။
စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်(၂)အတွင်းသို့ ယနေ့ ဇွန်လ ၁ဝ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်တွင် မျက်နှာဖုံးစွပ်ထားသူ လေးဦးဝင်ရောက်ကာ ဘဏ်ဝန်ထမ်းများအား တုတ်၊ ဓားများဖြင့်ခြိမ်းခြောက်၍ ငွေကျပ်သိန်းထောင့်ရှစ်ရာကို ဓားပြတိုက်ယူသွားခြင်းဖြစ်သည်ဟု သိရသည်။