စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ပေါက်တောတွင် အချုပ်သားများထွက်ပြေးသွား၍ တာဝန်ကျရဲ ၆ ဦး အရေးယူခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 265

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၄ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မ ရဲစခန်းမှ အချုပ်သား ၄ ဦး ထွက်ပြေးသွားသဖြင့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် ၆ ဦး အရေးယူခံထားရသည်ဟု သတင်းရရှိသည်။

ပေါက်တောရဲစခန်းမှ ရဲအရာရှိတစ်ဦးက“ အဲဒီနေ့က ကင်းတာဝန်ကျတဲ့ရဲ ၆ ယောက်ကိုတော့ ရဲထိန်းသိမ်းရေးနဲ့ ဥပဒေနဲ့ အရေးယူသွားမယ်။ သူတို့ကိုတော့ အခုအချုပ်ချထားပြီ” ဟုပြောသည်။

ဒီဇင်ဘာလ ၁ ရက်နေ့က ပေါက်တောမြို့မ ရဲစခန်းမှ အချုပ်သား ၄ ဦး ထွက်ပြေးသွားခဲ့ပြီး တစ်ဦးကို ပြန်လည် ဖမ်းမိခဲ့ကာ ကျန် ၃ ဦးအား ယနေ့အချိန် မဖမ်းမိနိုင်သေးကြောင်း သိရှိရသည်။

ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မသည် အများဆုံး ဒဏ်ထောင် ၃ နှစ်အထိချမှတ်နိုင်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့က ပေါက်တောမြို့မ ရဲစခန်းတွင် တာဝန်ကျနေသော ရဲအရှိတစ်ဦးက အချုပ်ခန်းသော့ကို မေ့ကျန်ခဲ့သဖြင့် အချုပ်သား ၄ ဦးထွက်ပြေးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင် ၆ ဦး ယခုကဲ့သို့ အရေးယူခံရခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ