စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်တွင် စစ်ဘေးရှောင်သားဖနှစ်ဦး ယာဉ်တိုက်ခံရ၍ ဖခင်ဖြစ်သူသေဆုံပြီး သားဖြစ်သူဆေးရုံတင်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 2.5k

အောင်လင်းထွန်း

နိရဉ္စရာ၊မေ ၁/၂၀၂၁

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ သားအဖနှစ်ဦး ယာဉ်တိုက်ခံရ၍ ဖခင်ဖြစ်သူ သေဆုံးကာ သားဖြစ်သူကို ဆေးရုံတင်ထားရသည်ဟု သတင်းရရှိသည်။

ယမန်နေ့ နံနက် ၈ နာရီခန့်က ဦးကျော်မောင်လှ (၅၇) နှစ်နှင့် သားဖြစ်သူ မောင်သန်းဝင်းတို့သည် ညောင်ချောင်းစစ်ဘေးရှောင်က ၎င်းတို့ဇာတိကျေးရွာ သာစည်ကျေးရွာသို့  လယ်ထွန်ရန် လယ်မြေများကို သွားရောက်ကြည့်ရှုစဉ် သူတို့စီးလာသည့် ဆိုင်ကယ်နှင့် တစ်ခြားထော်လာဂျီတို့ မျက်နာချင်းဆိုင်တိုက်ရာမှ    ဦးကျော်မောင်လှ သေဆုံးသွားခဲ့ကြောင်း သေဆုံးသူ၏ သမီးဖြစ်သူ အေးမြသန်းက ပြောသည်။

အဖေနဲ့မောင်လေးက ရွာကိုပြန်ပြီး လယ်လုပ်ဖို့ သွားကြည့်တာပါ။ အဲဒီမှာ ထော်လာဂျီနဲ့တိုက်မိပြီး သေဆုံးတာပါ။ ထော်လာဂျီအောက်ကိုတစ်ကိုယ်လုံး ဝင်ပါသွားတာ။ အဖေက သားသမီး ငါးယောက်ကို လုပ်ကျွေးနေတာပါ။ ကျွန်မမောင်လေးကတော့ သရက်တပင်ဆေးရုံရောက်ပြီး ဆေးကုသမှုခံယူခဲ့ရပါတယ်။ဟုပြောသည်။

၎င်းတို့ နှစ်ဦးသည်  သာစည်ကျေးရွာသို့ နံနက်စောစောနှစ်ဘီး ဆိုင်ကယကယ်ရီဖြင့် ထွက်ခွာသွားခြင်း ဖြစ်ကြောင်း၊ ကျောက်တော်မြို့မင်းသားချောင်းဆည်အနီးတွင် မျက်နှာချင်းဆိုင်မှ ထော်လာဂျီတစ်စီးဖြင့် တိုက်မိခဲ့ခြင်းကြောင်း ညောင်ချောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ကို ခိုင်မျိုးအောင်ကပြောသည်။

 သူတို့သားအဖနှစ်ယောက် ဆိုင်ကယ်ကယ်ရီငှားပြီး သူတို့ဇာတိမြေ သာစည်ကျေးရွာသို့ပြန်တာမှာ ကျောက်တင်ပြီးပြန်လာတဲ့ ထော်လာဂျီနဲ့တိုက်တယ်လို့ သတင်းရလို့ကျနော်တို့လိက်ပါသွားတယ်။ ကျနော်ရောက်တဲ့အခါ ဦးကျော်မောင်လှကသေသွားပြီဟု ပြောသည်။

ဦးကျော်မောင်လှမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး သားဖြစ်သူ မောင်သန်းဝင်းတွင် ညာဖက် ဒူးနှင့်ဘယ်ဖက်လက်မောင်းတို့ တွင် ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူ ဦးကျော်မောင်လှအား မေလ ၁၂ ရက် နေ့တွင် သင်္ဂြိုလ်မည်ဖြစ်ကြောင်းသူက ဆက်ပြောသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်ကျောက်တော်၊ မြောက်ဦးနှင့် ပလက်ဝ မြို့နယ်တို့မှာ စစ်ဘေးရှောင် ၃ဝဝဝ ကျော်နေထိုင်လျက်ရှိကြောင်း ၎င်းစစ်ဘေးရှောင်များ၏ ပြောပြချက်အရသိရသည်။

 

ဓာတ်ပုံ- ကျော်လှမြင့်

 

ဆက်စပ် သတင်းများ