ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ကန်စောက်တောင်တွင် မင်းပြား-မေလွမ်းက ဘုရားဖူးကားတိမ်းမှောက်၍ အမျိုးသမီး နှစ်ဦးသေ၊ ကလေးတစ်ဦးအပါအဝင်နှစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.5k

သဥ္ဇာနွယ်

နိရဥ္စရာ၊ နိုဝင်ဘာ ၁၄/၂၀၂၁


ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကန်စောက်တောင်အတက်တွင် မင်းပြားမြို့နယ်၊ မေလွမ်းရွာမှ ဘုရားဖူးယာဥ်တိမ်းမှောက်၍ နှစ်ဦးသေဆုံးကာ ကလေးတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့  ဒဏ်ရာ ပြင်းထန် ရရှိသွားကြောင်းသတင်းရရှိသည်။


သေဆုံးသွားသောသူမှာ မေလွမ်းရွာမှ  အသက် ၆၅ အရွယ် အမျိုးသမီး ၂ဦးဖြစ်ကြပြီး ပြင်းထန်ဒဏ်ရာရရှိသူမှာ အသက် ၇နှစ်အရွယ်ယောကျ်ားလေး တစ်ဦးနှင့်အသက် ၃၈နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ဖြစ်ကြောင်းသိရသည်။


ဒဏ်ရာရသူ ကလေးငယ်မှာ ပေါင်ကျိုးသွားပြီး၊ အမျိုးသမီးမှာ နံရိုးကျိုးသွားကြောင်း သိရသည်။


အဆိုပါ ဘုရားဖူးကားသည် မင်း ပြားမြို့နယ်၊ မေလွမ်းရွာမှ ပုဏ္ဏားကျွန်းသို့ ဘုရားဖူး၍ အပြန် ယနေ့ နေ့လယ်  ၂ နာရီခွဲခန့်က ကျောက်တော်မြို့ နယ် ကန်စောက်တောင်သို့ အတက်တွင် ကားဘရိတ် မနိုင်၍ အောက်သို့ထိုးကျ တိမ်းမှောက်သွားသည်ဟု သာရေး၊ နာရေးကူညီမှု လုပ်ဆောင်နေသူ  ကျောက်တော်မြို့က  ဦးဘသိန်းက ပြောသည်။


"ကားဘရိတ်မနိုင်လို့ချော်ကျတာထင်တယ်။ တောင်အတက်မှာ ကားက မတက်နိုင်ဘဲ အောက်ကိုလိမ့်ကျသွားတာ လူက နှစ်ယောက်သေတယ် "ဟုပြောသည်။


ကားပေါ်တွင် ကားဒရိုင်ဘာအပါအဝင် ဘုရားဖူး ၁၇ဦးပါရှိပြီး ပွန်းပဲ့ထိခိုက်ဒဏ်ရာရသူ ၁၀ခန့် ရှိသည်ဟု ကျောက်တော်မြို့နယ် ဖြူစင်ပရဟိတမေတ္တာအသင်းဥက္ကဌ ဦးညီပုက ြောသည်။


လက်ရှိတွင် သေဆုံးသွားသောသူများကို ကျောက်တော်မြို့နယ်၊ အပေါက်ဝ ဆေးရုံသို့ ပို့ဆောင်ထားပြီး သေဆုံးသွားသည့် အမျိုးသမီးနှစ်ဦး အလောင်းကို မင်းပြားသို့ ယူဆောင်သွားကြောင်း သတင်း ရရှိသည်။

 

နောက်ဆုံး ရရှိသည့် သတင်းအရ ဒဏ်ရာ ပြင်းထန်ူများကို ယနေ့  ညနေ  ၅နာရီခန့်က စစ်တွေဆေးရုံသို့ ပိုဆောင်လိုက်ပြီဖြစ်ကြောင်းသိရသည်။ 

ဆက်စပ် သတင်းများ