အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ငပလီတွင် ကားမတော်တဆဖြစ်၍အမျိုးသား ၁ ဦး ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 7.2k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၁/ ၂ဝ၂၂
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ လင်းသာရပ်ကွက် ဂေါက်ကွင်းအကွေ့တွင် ယနေ့ ညနေက အမျိုးသား ၁ ဦးသည် တောင်စောင်းအား ကားဖြင့် တိုက်မိပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ ငပလီမြို့ ဈီးဖြူကုန်းရပ်ကွက်မှ ဦးမျိုးမင်းဦး(ခေါ်) မောင်ဖြူ (၃၉ နှစ်)ဖြစ်သည်။
သူသည် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက် ညနေ ၆ နာရီခန့်က ငပလီလမ်းဆုံမှ လင်းသာလမ်းဆုံဘက်သို့ ကားမောင်းလာစဉ် အရှိန်မထိမ်းနိုင်ဘဲ တောင်ကမ်းပါးကိုဝင်တိုက်မိပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဂျိတ္တောရဲစခန်းမှူး ဒုရဲအုပ်သန်းဇော်က ပြောသည်။
“ခါးပတ်မပတ်ထားဘူး။ တိုက်မိတဲ့အရှိန်ကြောင့် ကားတံခါးပွင့်ပြီးထွက်ကျသွားပြီး ကားအောက်ပိပါသွားတာပါ။ နေရာတင်ပဲ ပွဲချင်းပြီးသေဆုံးသွားတာပါ” ဟုပြောသည်။
သေဆုံးသူအား လက်ရှိတွင် ငပလီဆေးရုံသို့ ပို့ဆောင်ထားပြီး ဂျိတ္တောရဲစခန်းက သေမှုသေခင်းဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သူက ဆက်ပြောသည်။
ရခိုင်တွင် နှစ်စဉ်ယာဉ်တိုက်မှုကြောင့် လူရာနှင့်ချီ၍ သေဆုံးမှုများရှိလာနေသဖြင့် ယာဉ်မောင်းသူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာကြရန် လိုအပ်ကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ - ဇွဲထက်မာန်/ နိရ ဉ္စရာ

ဆက်စပ် သတင်းများ