- Web Master
- ၂၉ ဇန်နဝါရီ ၂၀၂၂
နိရဥ္စရာ၊ ဇူလိုင် ၂၅/၂ဝ၂ဝ (နိုင်ငံတကာ)
ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ တက်ကနက် (ကယုချောင်း) မြို့နယ် အတွင်း ရဲနှင့် ဖြစ်ပွားသော ပစ်ခတ်မှုအတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်စခန်းမှ ယာဘာဆေးရောင်းဝယ်သူ နှစ်ဦးသေဆုံးသွားသည်ဟု The Independent တွင် သတင်းဖော်ပြသည်။
၎င်းပစ်ခတ်မှုမှာ ယမန်နေ့ ညနေက တက်ကနက်မြို့နယ် Chhurikhal နယ်မြေတွင် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) နှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
သေဆုံးသူနှစ်ဦးမှာ အိုကီးယားမြို့နယ် ဘာလုခါလီဒုက္ခသည်စခန်းမှ Md Ferdous အသက် ၃ဝ နှစ် (ဘ) Habib Ullah နှင့် Md Abdus Samad အသက် ၃၅ နှစ် (ဘ) Syed Ahmed (ကွယ်လွန်)၏ တို့ဖြစ်ကြသည်ဟု သတင်းတွင် ဖော်ပြသည်။
ယာဘားဆေးပြားအမြောက်အမြားကို မှောင်ခိုတင်သွင်းလာမည်ဟု သတင်းရရှိသဖြင့် နတ်မြစ်ကမ်းဘေးတွင် လာဒါ ရဲကင်းစခန်းမှ ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့မှ အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေခဲ့ကြောင်း၊ ယာဘားမှောင်ခိုသမားများသည် နတ်မြစ်ကို ရေကူးပြီး ဝင်ရောက်လာပြီးနောက် အနီးသို့ ချဉ်းကပ်စဉ် ၎င်းမှောင်ခိုသမားများမှ စတင်ပစ်ခတ်သဖြင့် ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့မှ ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းတိုက်ပွဲဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိသူများကယ်တင်ခဲ့ပြီး တက်ကနက်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ရာ ဆရာဝန်မှ သူတို့ သေဆုံးသွားပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။
၎င်းတိုက်ပွဲအတွင်း ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ သုံးဦးဒဏ်ရာရရှိခဲ့ပြီး စိတ်ကြွဆေးပြား ၂ သိန်း တစ်သောင်းကျော် ဖမ်းမိခဲ့သည်ဟု ဆိုသည်။
(မှတ်ချက်- သတင်းတွင် ၎င်းတို့သည် မည်သည့်ဘက်မှ ရေကူးဝင်လာသည်ကို ဖော်ပြထားခြင်းမရှိပါ။)