သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

လုပ်နိုင်စွမ်းပိုမြင့်မားလာအောင် မောင်းနှင်ပေးရမယ့်  တာဝန် ကျနော်မှာရှိပါတယ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 9.4k

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှ

မေလ ၃ဝ မှ ဇွန်လ ၁ ရက်နေ့ထိ (၃) ရက်တိုင်တိုင်ပြုလုပ်ခဲ့သည့် ရခိုင်အမျိုးသားပါတီ ဒုတိယ အကြိမ် ညီလာခံတွင် ဦးသာထွန်းလှသည် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ ဦးသာထွန်းလှအား ဆက်သွယ်ပြီး ရခိုင်အမျိုးသားပါတီ ပေါ်လစီ၊ မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး နိရဥ္စရာမှ မေးမြန်းခဲပါသည်။


မေး- ဟုတ်ကဲ့၊  ဦးသာထွန်းလှက ANP မှာ ဥက္ကဋ္ဌ အဖြစ် ရွေးချင်တင်မြောက်ခံခဲ့ရတယ်။ ဒုတိယအကြိမ်ညီလာခံကနေ ပါတီမှာမူဝါဒရေးရာ ဦးဆောင်ကော်မတီကို ဖွဲ့စည်းလိုက်တော့ ဒီမူဝါဒရေးရာ ကော်မတီနဲ့ ပါတီရဲ့ရေးရာ ကိစ္စရပ်တွေကို ဘယ်လို ဆက်စပ် ဆောင်ရွက်သွားပါမလဲ ခင်ဗျား။

ဖြေ-  ဟုတ်ကဲ့။ ကျနော်တို့မှာက အခုဒီပါတီညီလာခံက အတည်ပြုပေးလိုက်တဲ့ ပါတီမှာမူဝါဒရေးရာ ဦးဆောင်ကော်မတီရှိပါတယ်။ ဒီမူဝါဒရေးရာ ဦးဆောင်ကော်မတီက မူဝါဒတွေကို ချမှတ်နိုင်သလို  အတည်ပြုပေးနိုင်တဲ့ အခွင့်အရေးလည်း ရှိပါတယ်။ ပြီးရင် ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က မူဝါဒရေးရာ ကော်မတီနဲ့ ချိတ်ဆက်ပြီး အကောင်အထည် ဖော်သွားမယ်။ အဓိကတော့ ပါတီမှာမူဝါဒရေးရာ ဦးဆောင်ကော်မတီမှ မူဝါဒတွေချမှတ်မယ်။  ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က အကောင်အထည် ဖော်ဆောင်ရွက်မယ်။ ဒါပြင် ဗဟိုအလုပ်အမှုဆောင်ကော်မတီနဲ့ ပါတီမှာမူဝါဒရေးရာ ဦးဆောင်ကော်မတီနဲ့ ချိ်တ်ဆက်ဆောင်ရွက်သွားရမယ့် အပိုင်းတွေလည်း ရှိပါတယ်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီ မှာလည်း ပါတီအတွက် လုပ်ပိုင်ခွင့်တွေရှိသလို အကောင်အထည် ဖော်ရမယ့် အပိုင်းတွေလည်း ပါ ပါတယ်။ အဲအတွက် ကျနော်က ပါတီအလုပ်အမှုဆောင်အဖွဲ့နဲ့ မူဝါဒရေးရာကော်မတီနဲ့ ဆွေးနွေးတိုင်ပင်ပြီး ရရှိလာတဲ့ မူဝါဒရေးရာကော်မတီ၏ မူဝါဒချပေးတဲ့အပေါ်မှာ ကျနော်တို့က ကောင်အထည်ပေါ်အောင် ကြိုးစားဆောင်ရွက်ဖို့ ကျနော်တို့မှာတာဝန်ရှိပါတယ်။

မေး- ဟုတ်ကဲ့။ ဒုတိယအကြိမ်ပါတီညီလာခံက ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြောက်လိုက်ပြီဆိုတော့  အဓိက ဘယ်လိုကဏ္ဍ၊ ဘယ်လိုလုပ်ငန်းစဉ်တွေကို အဓိကဦးစားပေးပြီးတော့ လုပ်ဆောင်သွားဖို့ မျှော်လင့်ထားပါသလဲ ခင်ဗျား။

ဖြေ- ပါတီဖွဲ့စည်းပုံမှာ ပေးထားတဲ့တာဝန် တွေရှိပါတယ်။ ပေးထားတဲ့တာဝန်တွေကတော့ ပါတီဗဟို အလုပ်မှုဆောင်ကော်မတီ၊ ပါတီဗဟိုကော်မတီ၊ ပါတီမှာနောက်ထပ်ဖွဲ့စည်းမယ့် ရေးရာကော်မတီတွေ ပေါ်လာမှာဖြစ်ပါတယ်။ ဒီကော်မတီတွေ အလုပ်လုပ်နိုင်စွမ်းရှိလာအောင်ထိ၊ ဒီကော်မတီတွေအလုပ် ဖြစ်လာအောင်၊ ဒီကော်မတီ၏ လုပ်ငန်းကဏ္ဍဆိုင်ရာတွေကို ပါတီဖွဲ့စည်းပုံမှာပါတဲ့ ပါတီ အဆင့်ဆင့်တွေ အဖွဲ့အစည်းတွေအကုန်လုံး၏ လုပ်နိုင်စွမ်းပိုမြင့်မားလာအောင် မောင်းနှင်ပေးရမယ့်  တာဝန် ကျနော်မှာရှိပါတယ်။ ပြီးရင်မူဝါဒရေးရာ ဦးဆောင်ကော်မတီ၏ မူဝါဒရေးရာချမှတ်မှု မူဝါဒရေးရာ အကြံပြုမှုတွေကို ကျနော်ကဦးဆောင်ပြီး အဓိကတာဝန်ယူပြီး အကောင်းအထည်ဖော်ပေးရမယ့် တာဝန်ရှိပါတယ်။

မေး- နောက်တစ်ခုကလေ ဒီမှာကျနော်တို့ကြားတာက အမျိုးသမီးတွေနဲ့ လူငယ်တွေကိုလည်း ပါတီမှာ အားဖြည့်ပြီးတော့ နိုင်ငံရေးမှာလက်ဆင့်ကမ်း သွားမယ်လို့ကြားပါတယ်။ အဲဒီအတွက် လူငယ်တွေနဲ့ အမျိုးသမီးတွေအတွက်ကို ဘယ်လိုဖော်ဆောင်သွားဖို့ ရည်မှန်းချက်နဲ့ အစီစဉ်တွေရှိပါသလဲခင်ဗျား။

ဖြေ- လူငယ်ကဏ္ဍကို အရင်တုန်းကရှိခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က လူငယ်(Youth Wing)တွေပေါ်ပေါက်အောင်အကောင်အထည်ဖော်ပေးနိုင်ခဲ့ပါတယ်။ အခုကျနော်တို့ပါတီဗဟိုကော်တီမှာ လူငယ်(Youth Wing)က လူငယ်ကိုယ်စားလှယ် သုံးဦးကို ပါတီညီလာခံက ကျနော်တို့ ဗဟိုကော်မတီဝင် အဖြစ် တာဝန်ပေးနိုင်ခဲ့ပါတယ်။ ပြီးရင် ပါတီအမျိုးသမီးရေရာတွေ အမျိုးသမီးရေးရာ ကဏ္ဍတွေကို ပေါ်ပေါက်ဖို့အတွက် ပါတီညီလာခံမှာ ညီလာခံတက်ရောက်လာတဲ့အမျိုးသမီး ကိုယ်စားလှယ်တွေကို ပါတီဗဟိုကော်မတီမှာ ပါဝင်လိုစိတ်ရှိမရှိ၊ ရှိတဲ့အမျိုးသမီးတွေကို အမျိုးသမီးရေးရာအတွက် ကျနော်တို့ ပါတီဗဟိုကော်မတီမှာ ရွေးချယ်ခံမဟုတ်ပဲနဲ့ ပါတီညီလာခံဆုံးဖြတ်ချက်နဲ့ ကျနော်တို့ တာဝန် ပေးအပ်ခဲ့တာ ရှိပါတယ်။ အဲဒါကြောင့်အမျိုးသမီး ရေးရာကိစ္စတွေ အမျိုးသမီးတွေ ပါဝင်လာတဲ့ အတွက်ကြောင့် အမျိုးသမီးရေးရာကိစ္စတွေကို ပါတီထဲမှာ ကျနော်တို့တစ်စုံတရာ ကြိုးစားပြီးလုပ်ဆောင် ဆောင်ရွက်နိုင်တဲ့အခြေအနေ ရှိလာမယ်လို့ ကျနော်ယုံကြည်ပါတယ်။

မေး- ဟုတ်ကဲ့။ အရင်က ဒီလက်ရှိ အာဏာရထားတဲ့ NLD နဲ့ ဆက်ဆံရေးတွေမကောင်းခဲ့ဘူးပေါ့နော်။ ပြီးရင်တခြား ပြည်မက ပါတီတွေရှိပါတယ်။ အဲတော့ NLD အပါအဝင် ဒီပါတီတွေနဲ့ကော ဘယ်လို ဆောင်ရွက်သွားဖို့ အစီစဉ်ရှိပါသလဲ ခင်ဗျာ။

ဖြေ- တခြားတရားဝင် နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေးကဏ္ဍကို ကျနော်တို့ပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီ ရှိပါတယ်။ အဲဒီမူဝါဒရေးရာဦးဆောင်ကော်မတီ၏ လုပ်ပိုင်ခွင့်ထဲမှာ ဒီတရားဝင်နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေးဆိုတဲ့ အခန်းကဏ္ဍပါ ပါတယ်။ အဲဒီအခန်းကဏ္ဍနဲ့ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က စဉ်းစားတဲ့အထဲမှာ ဆပ်ကော်မတီတခု ဖွဲ့စည်းပြီးရင် မူဝါဒရေးရာ ဦးဆောင်ကော်မတီနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်သွားပါမယ်။  ကျနော်တို့ ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီကနေ ချမှတ်တဲ့ ပေါ်လစီ မူဝါဒတွေကို ဗဟိုအလုပ်မှုဆောင် ဦးဆောင်ကော်မတီ၏ ကနေ ချိတ်ဆက်ပြီးရင် လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ဒီ တစ်ခြားနိုင်ငံရေး ပါတီတွေ အပေါ် သဘောထားတွေကို ချမှတ်ပြီး ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိတယ်။

မေး- ဟုတ်ကဲ့ နောက်တစ်ခုကလေ ယခင် ပါတီ ဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင် အပါအဝင် တစ်ခြားနုတ်ထွက်ထားကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကိစ္စတွေကို ဆုံးဖြတ်ချက် ချမှတ်တာမျိုး ရှိခဲ့ပါသလား။

ဖြေ- ကျနော်တို့ပါတီညီလာခံမှာ ပါတီကနှုတ်ထွက်ခွင့်တင်ထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အဲဒီအပေါ်မှာမူတည်ပြီး ညီလာခံမှာ ဆွေးနွေးဆုံးဖြတ်ခဲ့တာမရှိဘူး။ ညီလာခံအခင်းအကျင်းမှာ ညီလာခံဆိုတာက ပါတီဝင် တစ်ယောက်၏ နှုတ်ထွက်ခွင့် ကိစ္စသည် အရင်တုန်းက ပါတီဖွဲ့စည်းပုံအရ  ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အပေါ်မှာမူတည်ပါတယ်။ အခုနောက်ထပ် ပါတီဖွဲ့စည်းပုံပြင်ဆင်ရေးမှာတော့ ပါတီညီလာခံက ပါတီဝင်တစ်ယောက်၏နှုတ်ထွက်ခွင့်ကို ပါတီညီလာခံကဆုံးဖြတ်ရမယ်လို့ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တင်ပြဆွေးနွေးတာမရှိတဲ့အတွက်ကြောင့်  ကျတော်တို့ ဒေါက်တာအေးမောင်တို့ နှုတ်ထွက်တဲ့ကိစ္စကို ပါတီညီလာခံမှာ ဆွေးနွေးသုံးသပ်ခဲ့တဲ့ အခန်းကဏ္ဍမရှိခဲ့ပါ။

မေး- ဟုတ်ကဲ့ သူတို့ နှုတ်ထွက်တာနဲ့ပတ်သက်ပြီးတော့ ဘယ်လိုလုပ်ပါမလဲ။

ဖြေ- နှုတ်ထွက်စာ ကိစ္စအခန်းကဏ္ဍက နှုတ်ထွက်တဲ့ လူပုဂ္ဂိုလ်နဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ဥပမာ နှုတ်ထွက်လိုက်တဲ့ ပုဂ္ဂိုလ် တစ်ယောက် လွှတ်တော်ကိုယ်စားလှယ်ဆိုရင် လွှတ်တော်ကိုယ်စာလှယ်၏ right ရှိပါတယ်။ ပြီးရင်အဲဒီလွှတ်တော်ကိုယ်စားလှယ်က ရခိုင်အမျိုးသားပါတီရဲ့ logo နဲ့ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့တာရှိပါတယ်။ ဘာပဲဖြစ်ဖြစ်လွှတ်တော်ကိုယ်စားလှယ်သည် ပါတီ logo ကိုတန်ဖိုးထားပေးရပါမယ်။ သူ့ကိုယ်စားပြုမှုသည် ပါတီကိုလည်း ကိုယ်စားပြုတယ်။ logo ကိုလည်း ကိုယ်စားပြုပါတယ်။ ပြည်သူတွေက လူပုဂ္ဂိုလ်ကို မဲပေးခဲ့တယ်လို့ ကျနော်တို့ မယုံကြည်ပါ။ ပါတီနဲ့ ပါတ ီlogo ကို မဲပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေလို့ယူဆပါတယ်။

ဆက်စပ် သတင်းများ