- Web Master
- ၂၂ အောက်တိုဘာ ၂၀၂၄
ရမ်းဗြဲမြို့သိမ်းတိုက်ပွဲအတွင်းမှ ကစဉ့်ကလျား ထွက်ပြေးနေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် နေဗီသို့ ဆင်းပြေးရန် ကြိုးစားနေစဉ် မတ်လ ၁၂ ရက် ညနေ ၃ နာရီ ကျော်ခန့် အချိန်တွင် သပြုချိန် ကျေးရွာအနီး၌ ရက္ခိုင့်တပ်တော် (AA) နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
ရမ်းဗြဲမြို့ကို (၈၅) ရက်အကြာ ထို
၎င်းပြင် စစ်ကောင်စီသည် လေကြောင်းမှ ရမ်းဗြဲမြို့နယ်ရှိ ကျေးရွာများအားဗုံးကြဲတိုက်ခိုက်၍ အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄ လုံးပျက်စီးသွားကြောင်း သိရသည်။
မတ်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်က ရမ်းဗြဲမြို့နှင့် အနီးအနား ကျေးရွာများကို အပြင်းအထန် လေကြောင်းသုံး တိုက်ခိုက်သည့်အပြင် ရေတပ်ဇက်နေဗီမှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
" ဒီနေ့ ရမ်းဗြဲမြို့မှာ လေယာဥ်တွေ တအားသုံးနေတာပါ။ ဘယ်နှစ်စီး နဲ့ ဘယ်နှစ်ခေါက်လဲတောင် မရေတွက်နိုင်တော့ဘူး။ Y-12 နဲ့ နှစ်ခေါက်၊ ဂျက်ဖိုက်တာကတော့ ခန့်မှန်းလို့တောင်မရတော့ဘူး။ ကျောက်ချောင်းဘက်ကိုလည်း တစ်ရက်လုံးနေဗီနဲ့ပစ်တယ်။ သပြုချိန်မှာတော့ လက်နက်ကြီး ထိလို့ အိမ်၄ လုံးပျက်တယ်။ နွားတစ်ကောင်သေပါတယ်။ လူထိခိုက်မှုတော့မရှိပါဘူး"ဟု ပြောသည်။
ပျက်စီးသွားသော နေအိမ်များမှာ ကျောက်ချောင်းတိုက်နယ်၊ သပြုချိန်ကျေးရွာတွင် ဦးထွန်းရွှေ၊ ဦးကျော်ထွန်း၊ ဒေါ်သိန်းစိန်နု၊ ဦးမောင်ညွန့်တင်တို့ နေအိမ်များ
ဖြစ်ကြပြီး နွားတစ်ကောင်လည်း
သေဆုံးသွားကြော
မတ်လ ၁၁ ရက် နံနက် ၁၁ နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် လေးတောင် တိုက်နယ်အတွင်းကို ဗုံး ၃ လုံး ကြဲချခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်နယ်အတွင်းရှိ ငပြီချောင်းကျေးရွာတွင် တစ်လုံးကျရောက်ကာ အသက် (၆၅) နှစ် အရွယ် ဒေါ်မအုံးရွှီ၏ ညာဘက်ခြေထောက် ဒဏ်ရာရရှိသွားကြောင်း ရွာသားတစ်ဦးက ပြောသည်။
"၁၁ နာရီ ၂ မိနစ်လောက်ကပါ။ လေးတောင်တိုက်နယ်ကို ဂျက်နဲ့ ၃ လုံးကြဲချပြီး လှည့်ပတ်နေခဲ့တာ။ အဲ့ဒါ ငပြီချောင်းမှာလည်း ကျပြီး အသက်ကြီးအမျိုးသမီးမှာ ခြေထောက်ထိသွားတာ"ဟု ပြောသည်။
၎င်းပြင် ရမ်းဗြဲမြို့ဒေသခံတို့အနေဖြင့် မိမိအိမ်များသို့ ချက်ချင်းဝင်ရောက်မှုကို စောလျင်စွာ မပြုလုပ်ကြရန်နှင့် ရက္ခိုင့်တပ်တော်က မေတ္တာရပ်ခံပန်ကြားထားသည်ဟု သိရသည်။
သုံးလနီးပါးတိုက်ပွဲအပြင် စစ်ကောင်စီမှ ထောင်ထားသော စွန့်လွှတ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်းအန္တရာယ် ကင်းစေရေးအတွက် မိုင်းရှင်းလင်းရေး အစီအစဉ်ကို ပြုလုပ်ရမည်ဖြစ်သဖြင့် ထိုသို့ မေတ္တာရပ်ခံထားသည်ဟု သိရသည်။