- Web Master
- ၂၉ သြဂုတ် ၂၀၂၄
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရသေ့တောင်မြို့နယ် အကြမ်းဖက်စစ်ကောင်စီ ရေစိုးချောင်း ဗျူဟာမှ ယနေ့ည ၈ နာရီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ခရုချောင်းကျေးရွာတွင် စစ်ဘေးရှောင်နေသည့် တက္ကသိုလ်တက်မည့် ကျောင်းသူတစ်ဦး သေဆုံးသွားကြောင်း မိသားစုဝင်များထံမှသိရသည်။
သေဆုံးသွားသူမှာ ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာမှ ခရုချောင်းကျေးရွာတွင် လာရောက် စစ်ဘေးရှောင်နေသော တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး ၂ ဘာသာဖြင့် အောင်မြင်ထားသည့် အသက် ၁၈ နှစ်အရွယ် မစုမြတ်ခိုင် (ဘ) ဦးမောင်သန်းနိုင်ဖြစ်သည်။
သူမသည်
ယနေ့ည ၈ နာရီက ရေစိုးချောင်းဗျူဟာမှ ပစ်သည့် လက်နက်ကြီးကျည်သည့်
၎င်းနေထိုင်ရာအိမ်အနီးသို့ ကျရောက်ပေါက်ကွဲစဉ် နောက်ကျောကုန်းသို့
လက်နက်ကြီး ကျည်စထိမှန်သေဆုံးသွာ
" ကျပြီးသုံးမိနစ်လောက်ပဲ
ခံလိုက်တယ်။ စစ်ဘေးရှောင်လာပါတယ်ဆိုမှ လက်နက်ကြီးကျလို့ သေသွားရတယ်။
မိသားစုမှာလည်းသမီးနှစ်ယောက်ပဲ
အဆိုပါလက်နက်ကြီးကျရောက်ပေါက်ကွဲ
အဆိုပါ
စစ်ကောင်စီ ရေစိုးချောင်းဗျူဟာသည် ယင်းအနီးအနားတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်
စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် တကျော့ပြန်ပွဲစတင်ခဲ့သည့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ ရက်ကစလို့ ယနေ့အထိ အရပ်သားသေဆုံးမှု ၅၀ ကျော်နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၅၀ ကျော်အထိ ရှိလာနေကြောင်း သိရသည်။(NN-8)
ပုံစာ- လက်နက်ကြီးကျည်ထိမှန်၍ ကွယ်လွန်ခဲ့ရသည့် မစုမြတ်။