သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရမ်းဗြဲမြို့တွင် ရမ္မာဝတီရိုးရာလှီပြိုင်ပွဲ (လှေပြိုင်ပွဲ)ကို မေ ၂၇ ရက်မှ ၃၀ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 4.9k

ချစ်အိလှိုင်

နိရဉ္စရာ၊ မေ ၁၅/ ၂ဝ၂၁

 

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် မ္မာဝတီရိုးရာလှီပြိုင်ပွဲ ( လှေပြိုင်ပွဲ) ကို လာမည့် မေလ ၂၇ ရက်နေ့မှ ၃ဝ ရက်နေ့အထိ မြို့တွင်းထဲရှိ တန်းချောင်းထဲတွင် စည်ကား သိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ရမ္မာဝတီရိုးရားလှီလှေပြိုင်ပွဲတွင် လှေပြိုင်ပွဲအပြင် ရခိုင်ရိုးရ ပဒေသာကပွဲနှင့် ရခိုင်ရိုးရာကျင်ပွဲများကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း  ပွဲဖြစ်မြောက်ရေး ကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုသော်ဇင်ထွန်းက ပြောသည်။

 

ကျွန်တော်တို့လူငယ်တွေနဲ့ မြို့မိ၊မြို့ဖတွေပူးပေါင်းပြီးလုပ်မှာပါ။ ဒီလှေပြိုင်ပွဲလုပ်ရတဲ့ အကြောင်းအရင်းက အရင်တုန်းက  ကျွန်တော်တို့ ရခိုင်ဘုရင်ရေတပ်တော်အတွက် စစ်သားကောင်းတွေ မွေးထုတ်ပေးတဲ့ အနေနဲ့လည်း လုပ်ခဲ့ကြတာလေ။ ရမ်းဗြဲမြို့ရဲ့ သင်္ဂေတတစ်ခုလိုပါပဲ။ ကျွန်တော်တို့ရဲ့ ရိုးရာအစဉ်အလာကို ပြန်ဖော်ထုတ်နိုင်တဲ့ အတွက် ကျွန်တော်တို့ ရမ်းဗြဲမြို့၊ သူမြို့သားတွေအတွက်လည်း ဝမ်းသာမိပါတယ်ဟုပြောသည်။

 

အဆိုပါလှီ(လှေ)ပြိုင်ပွဲကို မြန်မာသက္ကရာဇ် ၉ဝ၅ ( ခရစ်သက္ကရာ်ဇ် ၁၅၄၄) ခုခန့်မှစ၍ ကျင်းပခဲ့ကြခြင်းကာ နောက်ပိုင်းတွင် နှစ်စဉ်နှစ်တိုင်းကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း၊ လွန်ခဲ့သည့် ၂ဝ၁၇  ခုနစ်က နောက်ဆုံးအကြိမ်ကျင်းပခဲ့ကြောင်း သူကပြောသည်။

 

ပွဲလုပ်ရင် ငွေကုန်ကြေးကျများတာရှိတဲ့အတွက် ကျွန်တော်တို့ နှစ်စဉ်တိုင်း မကျင်းပ နိုင်ခဲ့ကြဘူး။ သုံးလေးနှစ်တစ်ကြိမ်ကျင်းပခဲ့ကြတယ်။ ကျွန်တော်တို့မြို့ကို အနားပေးတဲ့ သဘောပေါ့။ ဒီနှစ်ကတော့ ပွဲကျင်းပဖြစ်အောင်ကြိုးစားနေကြပါတယ်ဟုပြောသည်။

 

၄င်းရမ္မာဝတီရိုးရာလှီ(လှေ)ပြိုင်ပွဲကျင်းပခြင်းအား မြို့ခံတစ်ဦးအနေဖြင့် အထူးဝမ်းသာ ကြိုဆိုကြောင်း ရမ်းဗြဲမြို့မှ စာရေးဆရာကိုယ်ရမ္မာ ပြောသည်။

 

ရမ်းဗြဲသားတွေအတွက် အပျော်ရွှင်ဆုံးပွဲပဲ။ ကောင်းပါတယ်။ ရိုးရာအစဉ်အလာကို ဆက်ပြီး ထိန်းသိမ်းနို်င်တဲ့အတွက် ကျွန်တော်တို့ ကြိုဆိုရမယ်။ အရင်ကတော့ ရွာတစ်ရွာလှေ တစ်စီးထွက်ပြိုင်ခဲ့ကြတဲ့ပွဲပါဟုပြောသည်။

 

အဆိုပါလှီ(လှေ)ပြိုင်ပွဲတွင် ရမ်းဗြဲမြို့နယ်တစ်ခုလုံးမှသာမက အနီးအနားမြို့နယ်များက ပြည်သူများပါ ပါဝင်ဆင်နွှဲခဲ့ ကြသဖြင့် ရမ်းဗြဲမြို့ လှီပြိုင်ပွဲမှာ အထူးစည်ကားကြောင်း သူကဆက်ပြောသည်။

 

ရမ်းဗြဲမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၆)ခုနှင့် ကျေးရွာပေါင်း (၂၁ဝ)ခန့်ရှိကြောင်း သိရသည်။

 

ဆက်စပ် သတင်းများ