စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မရမာကြီးအမျိုးသားနေ့ အခမ်းအနားစစ်တွေတွင်ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 5.6k

ထက်အောင်

နိရဉ္စရာ၊ မေ ၂၅/ ၂၀၂၁

ဆဋ္ဌမအကြိမ်မြောက် မရမာကြီးအမျိုးသားနေ့ကို စစ်တွေမြို့တွင် ယနေ့နံနက် ကျင်းပပြုလုပ်ခဲ့သည်။

မရမာကြီးအမျိုးသားနေ့ ကျင်းပရခြင်းနှင့် ဆက်စပ်ပြီး မရမာကြီး လူငယ်ကွန်ရက် ဥက္ကဋ္ဌ ကိုဇော်နိုင်ဦးက " ဒီနေ့ အမျိုးသားနေ့ ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ တစ်ယောက်နဲ့ တစ်ယောက် စည်းလုံးညီညွှတ်မှုပို ရှိလာစေဖို့၊ အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်း စောင့်ရှောက်နိုင်စေဖို့၊ ပြီးတော့ ကွယ်ပျောက်လုနီးပါး ဖြစ်နေတဲ့ သမိုင်း၊ ယဉ်ကျေးမှုလက္ခဏာတွေကို ပြန်လည်ဖော်ထုတ် အသက် သွင်းနိုင်စေရန် ရည်ရွယ် ပြီးတော့ ကျင်းပရတာဖြစ်ပါတယ်ဟု ပြောကြားသည်။

အခမ်းအနားကို စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်၊ မရမာကြီးကျောင်းဟောင်း စာသင်တိုက်တွင် နံနက်ပိုင်း ၉ နာရီက စတင်ကျင်းပခဲ့ရာ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု အားလုံး တက်ရောက်အားပေးခဲ့ပြီး  နေ့လယ် ၁၂ နာရီလောက်မှာ အခန်းအနားပြီးဆုံးခဲ့သည်။

ရမာကြီးလူငယ်တွေ အသိပညာတိုးပွားစေလိုအပ်သလို မရမာကြီးလူမျိုးတွေရဲ့ စကား၊ ဝတ်စားဆင်ယင်မှုနဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်တွေကို မြတ်နိုးတန်ဖိုးထားတတ်ဖို့  ရည်ရွယ်ချက်တွေလည်း ပါဝင်ပါတယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိ ကိုဗစ်ကြောင့် လူစုလူဝေး မဖြစ်စေလို၍ ယနေ့ကျရောက်သည့် မရမာကြီးအမျိုးသားနေ့ကို လူပေါင်း (၃၀) လောက်နှင့် အကျဉ်းချုံးကျင်းပခဲ့သည်ဟု သိရသည်။

ဆက်လက်ပြီး သူတို့ မရမာကြီးလူမျိုးများ၏ အမျိုးသားနေ့သို့ ရခိုင်မျိုးနွယ်စု အားလုံး တက်ရောက် ဂုဏ်ပြုကြသည့်အတွက် အထူးဝမ်းသာကြောင်းနှင့် ထိုသို့ အခမ်းအနားသို့ တက်ရောက် လာကြခြင်းသည်လည်း မရမာကြီးလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းများကို အလေးထား၊ မြတ်နိုးတန်းဖိုးထားသည့်အတွက်ဖြစ်သည်ဟု ယူဆကြောင်း သူကဆက်ပြောသည်။

" ဒီပြဲကို ကျင်းပဖို့အတွက် ကျနော်တို့က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စိအစိုးရကို သိန်း (၄၀) ထောက်ပံ့ပေးဖို့ စာတင်တယ်။ ဒါပေမယ့် အစိုးရဆီက သိန်း (၂၀) ချပေးတယ်။ ပြီးတော့ ရခိုင်ပြည်နယ်အနှံ့ မင်းပြား၊ ကျောက်ဖြူ၊ မြောက်ဦးနဲ့ စစ်တွေ စတဲ့မြို့နယ်တွေမှာရှိတဲ့ ကျနော်တို့လူမျိုးတွေရဲ့ ပံ့ပိုးမှုတွေနဲ့ ကျနော်တို့ အမျိုးသားနေ့ကို လုပ်ရတာဖြစ်ပါတယ်။ " ဟု ကိုဇော်နိုင်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် မရမာကြီးလူဦးရေ စုစုပေါင်း တစ်သောင်းခွဲလောက်ရှိကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်များတွင် နေထိုင်ကြပြီး ရန်ကုန်တိုင်းနှင့် ရှမ်းပြည်နယ် ကလောမြို့နယ်တွင်လည်း  အနည်းငယ် နေထိိုင်ကြသည်ဟု သိရသည်။

မရမာကြီးလူမျိုးများသည် မြန်မာနိုင်ငံအတွင်း လူနည်းစု တိုင်းရင်းသားများဖြစ်ပြီး နယ်ဖက်တွင် လယ်ယာစိုက်ပျိုးရေးနှင့် မြို့ပြတွင် ကန်စုံရောင်းဝယ်ရေး လုပ်ငန်းကို အဓိကလုပ်ကိုင်ကြကာ သူတို့လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ စကားများနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏဖော်ထုတ်ဖို့ ကြိုးစားနေသည့် လူမျိုးစု တစ်ခုဖြစ်ကြောင်း သိရသည်။

မရမာကြီးအမျိုးသားနေ့ကို လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ပြီး တရားဝင်ကျင်းပခဲ့ရာ ယခုဆိုလျှင် (၆) ကြိမ်မြောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

 

ဆက်စပ် သတင်းများ