သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် "ရခိုင်မုနိပူဇာပွဲ" ကိုစစ်တွေ၌ စည်ကားသိုက်မြိုက်စွာကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 3.7k

ချစ်အိလှိုင်၊ ဆောင်းဇာခြည်

နိရဥ္စရာ၊ မေ ၂၆/ ၂၀၂၀

မေ ၂၅ ရက်နေ့က ကျရောက်ခဲ့သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် စစ်တွေမြို့၌ "ရခိုင်မုနိပူဇာပွဲ" ကို သာကီမဏ္ဍိုင်ယဉ်ကျေးမှုအဖွဲ့မှ ရှေးရိုးရာစဉ်လာအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်ဟု သတင်းရရှိသည်။

" ကျွန်တော်တို့ ဒီပွဲတော်ကို ကျင်းပ ပြုလုပ်ရခြင်းအကြောင်းအရင်းက ဒီ ရခိုင် မုနိပူဇာပွဲဟာ ပျောက်ကွယ် လုနီးပါးဖြစ်လာခဲ့တဲ့အတွက် ယဉ်ကျေးမှုကို ထိမ်းသိမ်းတဲ့ အနေနဲ့ လုပ်တာပါ။ လွန်ခဲ့တဲ့  ၁၉ဝ၅ ခုနစ်ကတည်းက စစ်တွေမှာ ဒီပွဲတော်ကို ကျင်းပခဲ့ကြတာပါ။ ပြီးတော့ အပူဇော်ခံတဲ့ ဘုရားတွေက ခေတ်လေးခေတ် ဘုရားတွေပါ။ မဟာကျန်ဘုရားတွေလည်း ပါတယ်။  တန်ဖိုးမဖြတ်နိုင်တဲ့ဘုရားတွေပါ။ " ဟုပြောသည်။

"ရခိုင်မုနိပူဇာပွဲ" တော်တွင် ရှေးဟောင်း ဆင်းတုတော်များဖြစ်ကြသည့် မဟာကျန် ဘုရားများနှင့် ရှေးဟောင်းဘုရား၊ စေတီဆင်းတုတော်များအား စီတန်းလှည့်လည်ကာ  စစ်တွေမြို့ လမ်းမများတစ်လျှောက် လှည့်လည် အပူဇော်ခံခဲ့ကြသည်။

မေလ၂၅ ရက်နေ့ ညနေ ၄ နာရီခန့်က မြို့ကိုပတ်ပြီး အပူဇော်ခံရာတွင် လူငယ်များ အဓိက ပါဝင်ပြီး စုစုပေါင်းလူ ၂ဝဝ ကျော်ခန့် ပါဝင်ခဲ့ကြောင်း၊ ရခိုင်မင်္ဂလာ စည်တော်များ၊ ရခိုင်ရိုးရာဝတ်စုံများ ဆင်တူ ဝတ်ဆင်၍ စည်ကားစွာ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း ပွဲတော် ဦးဆောင်ကျင်းပသည့် သာကီမဏ္ဍိုင်ယဉ်ကျေးမှုအဖွဲ့မှ ကိုခင်မောင်ထွန်းက နိရဥ္စရာသတင်းဌာနအား ပြောသည်။

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘုရားရှင်ဖွားမြင်တော်မူသည့်နေဖြစ်သည့်အပြင် ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသည့်နေ့လည်းဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ် ထားသော အဆိုပါနေ့တွင် ရခိုင်မုနိပူဇာဘုရားပွဲကို နှစ်စဉ် စစ်တွေတွင် ကျင်းပကြောင်း သိရသည်။

ဆက်စပ် သတင်းများ