ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မေလ ၁၄ ရက်နေ့တွင် ကျရောက်မည့်ကဆုန်ညောင်ရေသွန်းပွဲတော် စစ်တွေမြို့ အကြိုမြင်ကွင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 1.3k


နိရဉ္စရာ၊ မေ ၁၃/၂၀၂၂ ( ဓာတ်ပုံသတင်း)
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓနေ့ဖြစ်သည်။ ဤနေ့ထူးနေ့မြတ်ကြီးတွင် ဗုဒ္ဓဘာသာဝင်တို့သည် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကျင်းပလေ့ရှိသည်။
ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရှေးဟောင်းသမိုင်းဝင် သလုံးတော်ဓာတ်စေတီတော်မြတ်ကြီးတွင် စည်ကားသိုက်မြိုက်စွာကျင်းပရန် စီစဉ်နေကြသည်ဟု သိရသည်။ အဆိုပါ ကဆုန်ညောင်ရေသွန်းပွဲတွင် ရွှေလောင်း၊ ငွေလောင်းမျှောပွဲနှင့် ဇီဝိတဒါန ငါးရှင်လွတ်ပွဲများကိုပါ နှစ်စဉ်ထည့်သွင်းကျင်းပလေ့ရှိရာ ယခု ဓာတ်ပုံများမှာ ရွှေလောင်း၊ ငွေလောင်းများဖြင့် စစ်တွေမြို့ကိုလှည့်လည်နေသည့် ပုံများဖြစ်ကြပါသည်။ ( NN-7)
----------
ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော်……….
(၁) ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
(၂) မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။
(၃) မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
(၄) မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
(ကဆုန်လပြည့်နေ့သည် အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်နေ့ဖြစ်သည်။)

ဆက်စပ် သတင်းများ