ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ရမ်းဗြဲမြို့တွင် ရခိုင်ရိုးရာလှေပြိုင်ပွဲကျင်းပနေပုံမြင်ကွင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 2k

နိရဥ္စရာ၊ မေ ၁၇/၂၀၂၂ (ဓာတ်ပုံသတင်း)
ရခိုင်ပြည်နယ်မှ အစဉ်အလာကြီးမားသည့် ရမ်းဗြဲမြို့ ရမ္မာဝတီ ရခိုင်ရိုးရာ လှီပြိုင်ပွဲ (လှေပြိုင်ပွဲ)ကျင်းပနေမှု မြင်ကွင်း ဖြစ်ပါသည်။
လှေပြိုင်ပွဲကို ယနေ့ မေလ ၁၆ ရက်က ၁၉ ရက်နေ့ ( မြန်မာ ကဆုန် လပြည့်ကျော် ၂ ရက်နေ့မှ လပြည့်ကျော် ၅ ရက်နေ့) အထိ လေးရက် တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကာ လက်ရှိတွင် ယှဉ်ပြိုင်ရန် စာရင်း ပေးထားသည့်အသင်းပေါင်း ၁၈ သင်းရှိကြောင်း သိရသည်။
ရမ်းဗြဲ ရခိုင်ရိုးရာ လှီပြိုင်ပွဲကို ချန်ပီယံနှင့် ရိုးရိုးအတန်းဆိုကာ အဆင့် ၂ ဆင့်ခွဲခြားထားပြီး ဆုကြေး ငွေများအားဖြင့် ချန်ပီယံ ပထမဆုကို ကျပ်သိန်း ၂၀၊ ဒုတိယဆုကို ကျပ် ၁၈ သိန်း၊ တတိယဆုကို ၁၅ သိန်း နှင့် ရိုးရိုးတန်းပထမဆုကို ၁၈ သိန်း၊ ဒုတိယဆုကို ၁၅ သိန်း၊ တတိယဆုကို ၁၃ သိန်း အသီးသီး စီချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို နှစ်စဉ်မေလအတွင်းတွင်ကျင်းပပြီး ရခိုင်ပြည်နယ်တဝှမ်းလုံးမှ လူ ထောင်နှင့်ချီ၍ လာရောက်အားပေးကြကာ ရခိုင်မှ အလွန်ထင်ရှားသည့် လှီ(လှေ)ပြိုင်ပွဲတစ်ခုဖြစ်သည်။
ရမ္မာ၀တီရခိုင်ရိုးရာလှေပြိုင်ပွဲသည် ရခိုင်ဘုရင် ခေတ်အဆက်ဆက်က ကျင်းပပြုလုပ်ခဲ့သည့် ရိုးရာ လှေပြိုင်ပွဲတစ်ခုဖြစ်ကြောင်း သိရသည်။ (NN-7)
ဓါတ်ပုံ- သော်ဇင်ထွန်း(ရမ်းဗြဲ)

ဆက်စပ် သတင်းများ