ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

တောင်ကုတ်တွင်မိုးကြီး၍ ရေနစ်ခဲ့သည့်လမ်းအချို့ရေပြန်ကျ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 1.4k

ခိုင်လူလှ (ရိုးမမြေ)
ဩဂုတ်၃/၂၀၂၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေနိမ့်ပိုင်းရှိ လမ်းအချို့ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့သော်လည်း နေ့လယ်ပိုင်းတွင် ရေပြန်ကျသွားပြီဟု သိရသည်။

ရေနစ်မြုပ်ခဲ့သည့်လမ်းမှာ ဆေးရုံကွပ်သစ် (၇)လမ်းဖြစ်ပြီး အသွားအလာလုပ်သူများကို အသက်ကယ်လှေငယ်များဖြင့် ပို့ဆောင်ခဲ့ရသည်ဟု ဆိုသည်။

စာရေးဆရာရက္ခက “ မနက်ကတော့ ရေအတော်လေးတက်ခဲ့ပါတယ်။ ညဉ့်မိုးရွာတာများတော့ မနက်က မြေနိမ့်ပိုင်းက လမ်းအချို့ရေနစ်ခဲ့ပါတယ်။ ကျွန်တော်သွားကြည့်တော့ ကွပ်သစ်ခုနှစ်လမ်းကို ရေနစ်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် နေ့လယ်ပိုင်းဆို ပြန်ကျသွားပါတယ်” ဟု ပြောကြားသည်။

ဒေသခံ တစ်ဦး၏ ပို့စ်တွင် ကုတင် (၁၀၀) ဆေးရုံသို့ သွားရာလမ်းကို ရေ ၆ ပေထိ တက်ခဲ့ပြီး လမ်းသွားလမ်းလာများကို ဂူတာပြင်အုပ်ချုပ်ရေးမှူးရုံးမှ လှေငယ်များဖြင့် သွားလာရေး အဆင်ပြေအောင် ကူညီခဲ့ရသည်ဟု ဖော်ပြသည်။

ယခုရေကြီးမှုမှာ မိုးများ၍ ရေကြီးခြင်းဖြစ်ပြီး စိုးရိမ်စရာမရှိကြောင်း ကိုရက္ခက ပြောဆိုသည်။

တောင်ကုတ်မြို့သည် လူနေထူထပ်လာပြီး သစ်တောများ ပြုန်းတီးမှု၊ ချောင်းများတိမ်ကောလာမှုတို့ကြောင့် ယခုနှစ်ပိုင်းအတွင်း မိုးရာသီရောက်တိုင်း ချောင်းရေကြီးမှုကို ခံစားနေရသော မြို့ဖြစ်သည်ဟု သိရသည်။

(Photo by Matthew Kogyi)

ဆက်စပ် သတင်းများ