ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်တွင် ရေကြီးမှုကြောင့် သေဆုံးသူ ၇၃ ဦးထိရှိလာပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 7.1k

နိရဉ္စရာ၊ ဇွန်၂၄/ ၂၀၂၂

လွန်ခဲ့သည့် ၂၄ နာရီအတွင်း နောက်ထက် လူ ၅ ဦး ထပ်မံသေဆုံးသွားသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၇၃ ဦးထိရှိသွားပြီဖြစ်သည်။

၂၀၂၂ ခုနှစ် ဇွန်လ (၂၄) ရက်နေ့အထိ နိုင်ငံအနှံ့အပြားတွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးမှုများ ရှိနေခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၇၃ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ဆောင်မှုများ ညွှန်ကြားမှု ဦးစီးဌာန (DGHS) မှပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ေဆုံးသူ ငါးဦးအထဲတွင် လေးဦးသည် ရေနစ်သေဆုံးကာ တစ်ခြား တစ်ဦးမှအခြားအကြောင်းကြောင့် သေဆုံးခဲ့သည်ဟု ဖော်ပြသည်။

မေလ ၁၇ ရက်မှ ဇွန်လ ၂၃ ရက်နေ့အထိ သေဆုံးသူမှာ ၆၈ ဦးရှိခဲ့သည်။

ရေကြီးမှုဒဏ်ခံရသော မြို့နယ် စုစုပေါင်း ၇၀ တွင ဆီးလတ်ခရိုင်တွင် မြို့နယ် ၃၃ ခု၊ ရမ်ပူရ်ခရိုင်တွင် မြို့နယ် ၁၆  ခု၊ မိုင်မော်ချိမ်းခရိုင်တွင် ၂၀ ခုနှင့် စစ်တကောင်းခရိုင်တွင် တစ်ခုတို့ဖြစ်သည်။

ခရိုင်အများအပြားတွင် ရေကြီးမှုဒဏ်ကို ဆိုးရွားရွားခံနေရပြီး ထိုအထဲတွင် SylhetSunamganjNetrokona နှင့် Kurigram ခရိုင်တို့သည်  ရေလွှမ်းမိုးမှုဒဏ်ကို အဆိုးရွားဆုံးခံခဲ့နေရသော ခရိုင်များ ဖြစ်သည်။ 

ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်းပေါင်း ၁၈၁၃ ခု ဖွင့်လှစ်ထားပြီး ဆေးအဖွဲ့ပေါင်း ၂,၀၀၆ က ရေဘေးသင့်ပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်ဟု သတင်းတွင် ဖော်ပြသည်။

Flood claims 5 more lives in 24 hours; death toll now 73/ The Daily Star)

ဆက်စပ် သတင်းများ