ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ ခေတ္တ ထိန်းသိမ်းခံခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 4.8k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂ / ၂၀၂၁

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်တင်လှိုင်နှင့် အတွင်းရေးမှူး ဦးသူရိန်ထွဋ်အား ယမန်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် တပ်မတော်က ခေါ်ယူသွားပြီး ယင်းနေ့ည ၇ နာရီအချိန်ခန့်တွင် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်တင်လှိုင်က “အဖမ်းခံရတာတော့ မဟုတ်ဘူး။ ခဏခေါ်သွားတာပါ။ ခဏပါပဲ။ တစ်ခုမှ မေးမြန်းတာတွေမရှိဘူး။ ခဏခေါ်သွားတဲ့ သဘောပါ။” ဟု ပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၊ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်တင်လှိုင်နှင့် အတွင်းရေးမှူး ဦးသူရိန်ထွဋ်တို့သည် ယမန်နေ့ (ဖေဖော်ဝါရီ ၁ ရက်)နေ့တွင် တပ်မတော်က အာဏာသိမ်းချိန် ခေါ်ဆောင်ခြင်းခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

၄င်းတို့ထဲမှာ ဒေါ်တင်လှိုင်၊ ဦးသူရိန်ထွဋ်နှင့်် ဒေါ်ခင်စောဝေတို့မှာ ယမန်နေ့ညနေက ပြန်လွတ်မြောက်လာပြီဖြစ်သော်လည်း ကျန်လူများမှာ ယနေ့ ညနေ ၄ နာရီခွဲအထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

ဆက်စပ် သတင်းများ