သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ် ရွေးကော်ဥက္ကဋ္ဌ ဦးမြင့်လွင် ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 10.1k

ဆောင်းဇာခြည်
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၁/ ၂၀၂၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်လွင်အား ယနေ့ နံနက် ၅ နာရီကျော်က တပ်မတော်သားအချို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၄င်း၏ ဇနီး ဒေါ်ခင်စုစုခိုင်က ယနေ့ နံနက် ၁၀ နာရီခွဲခန့်က ပြောသည်။

“ဒီနေ့ မနက်ပိုင်းကပဲ ခေါ်သွားတာ။ သူ့ကို တောင်ကုတ်မှာရှိတဲ့ စစ်တပ်က ရိပ်သာမှာ ထိန်းသိမ်းထားတယ်လို့ သိရတယ်။ သူနဲ့ ၉ နာရီကျော်လောက်က သူနဲ့ ဖုန်းအဆက်သွယ်ရတယ်။ ပြီးရင် ဖုန်းပိတ်သွားတယ်။ သူက ကော်မရှင်ဥက္ကဋ္ဌဆိုတဲ့အခါ မဲစာရင်းကိစ္စတွေနဲ့ပတ်သက်ပြီး ခေါ်တာလို့ ထင်ပါတယ်” ဟု ပြောသည်။

ဦးမြင့်လွင်နှင့် မိသားစုဝင်များ ဖုန်းအဆက်သွယ်ရရှိသည့် အချိန်အထိ ကျန်းကျန်းမာမာရှိနေကြောင်း သူမက ဆက်ပြောသည်။
(ဓာတ်ပုံ- ဦးမြင့်လွင်မိသားစု)

ဆက်စပ် သတင်းများ