သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရန်ကုန်တွင် မဲနှစ်ကြိမ်ထည့်မှုဖြင့် နောက်ထပ်ရခိုင်လူငယ် ၁ ဦး ဒဏ်ငွေ ကျပ် ၁ သိန်းချမှတ်ခံရပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 3k


ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၁၅/ ၂ဝ၂၂
ရန်ကုန်တိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်အထွေထွေရွေးကောက်ပွဲ၌ မဲနှစ်ကြိမ်ထည့်မှုဖြင့် နောက်ထပ် ရခိုင်လူငယ် ၁ ဦးသည် ဒဏ်ငွေ ကျပ် ၁ သိန်းချမှတ်ခံလိုက်ရသည်ဟု သိရသည်။
ဒဏ်ငွေချမှတ်ခံရသူမှာ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် ရပ်ကွက်(၂)တွင်နေထိုင်သည့် စစ်တွေဒေသခံ ကိုမောင်စိုင်းထွန်း(၂၉ နှစ်)ဖြစ်ပြီး ယမန်နေ့ မတ်လ ၁၄ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကိုမောင်စိုင်းထွန်းက မဲစာရင်းတွင် ပုလဲမြို့သစ် ဉာဏရပ်ကွက်ရှိ သူ၏မိခင်နေအိမ်၌ သူ့အတွက် တစ်မဲပါရှိပြီး သူအိမ်ထောင်ကျပြီးနောက် ယခုလက်ရှိနေထိုင်သည့်ရပ်ကွက်တွင်လည်း နောက်ထပ် တစ်မဲပါရှိသည့်အတွက် မဲနှစ်ကြိမ်ထည့်ခဲ့မိသည်ဟု နိရဥ္စရာကိုပြောသည်။
“ကျွန်တော်က အမှန်လည်း မဲနှစ်ခါပေးခဲ့မိတာပါ။ တစ်မဲက ကြံ့ခိုင်ရေးနဲ့၊ နောက်တစ်မဲက NLD ကို ပေးပါတယ်။ ရခိုင်တိုင်းရင်းသားရေးရာမှာတော့ ဒေါ်ထုမေကိုပေးခဲ့တာပါ” ဟုပြောသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့(၈)ရပ်ကွက်တွင်နေထိုင်သူ ပေါက်တောဇာတိ မနန်းစိုးခိုင်(၂၁ နှစ်)နှင့် ပုဏ္ဏားကျွန်းဇာတိ မဝင်းမေ(၂၈ နှစ်)တို့သည်လည်း ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲနှစ်ကြိမ်ထည့်ခဲ့သည်ဟုဆိုကာ ပြီးခဲ့သည့်ဖေဖော်ရီလအတွင်းက ရွှေပြည်သာမြို့နယ်တရားရုံးတွင် ဒဏ်ငွေ ကျပ် ၁ သိန်းစီချမှတ်ခံခဲ့ရသည်ဟု သိရသည်။
ယင်းအပြင် ရခိုင်ပြည်နယ် အမ်းမြို့နယ်လေယာဉ်ကွင်းရပ်ကွက်မှ ဒေါ်မစိန်(၅ဝ နှစ်)သည်လည်း မဲနှစ်ကြိမ်ထည့်ခဲ့သည်ဟုဆိုကာ ပြီးခဲ့သည့်ဖေဖော်ဝါရီ ၉ ရက်နေ့က အမ်းမြို့နယ်တရားရုံး၌ ဒဏ်ငွေ ကျပ် ၁ သိန်းချမှတ်ခံခဲ့ရသည်။

ဆက်စပ် သတင်းများ