ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၉ရက်၊ ၂၀၂၄

ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ လွတ်လပ်ရေးလိုလားသည့် DPP ပါတီမှ သမ္မတလောင်းအနိုင်ရရှိ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၄ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲများကို ဇန်နဝါရီ-၁၃ရက်(စနေနေ့)က ကျင်းပခဲ့ရာ လွတ်လပ်ရေးလိုလားသော လက်ရှိအာဏာရ DPP ( Democratic Progressive Party) ပါတီ သမ္မတလောင်း ဝီလျံလိုင်း ချင်းတီ က အနိုင် ရရှိသွားခဲ့သည်။

ထိုင်ဝမ်သမ္မတရွေးကောက်ပွဲတွင် DPP ပါတီမှ ဝီလျံလိုင်းက မဲအရေအတွက် ၄၀.၀၅% ဖြင့် အနိုင်ရခဲ့ပြီး ကူမင်တန် KMT ပါတီမှ မစ္စတာဟူ က ၃၃.၄၉%၊ ထိုင်ဝမ်ပြည်သူ့ပါတီ(TPP) မှ ဒေါက်တာ ကို ဝမ်ဂျီက ၂၆.၄၆% ရရှိခဲ့သည်ဟု ဗဟို ရွေးကောက်ပွဲ ကော်မရှင်က ကြေညာသည်။

အနိုင်ရရှိလျှင် ရရှိခြင်း ဝီလျံ လိုင်းက အတိုက်အခံများကိုရော တရုတ်နိုင်ငံကိုပါ ငြိမ်းချမ်းရေးစကား လက်ဆောင် ပါးခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝီလျံ လိုင်းက- “ ဂုဏ်သိက္ခာ နဲ့ ညီမျှမှု အခြေခံအောက်မှာ ကျွန်တော်တို့အနေနဲ့ ပိတ်ဆို့ဟန့်တားမှုထက် ထိတွ့ဆက်ဆံမှုကို​ ဦးစားပေမယ်။ထိပ်တိုက် ရင်ဆိုင်မှုထက် ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေး လုပ်ဆောင် သွားမှာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကိုလည်း ထိတွေ့ဆက်ဆံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံပြီး လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ပြောကြားခဲ့သည်။


တိုင်နန်မြို့တော်ဝန်ဟောင်း မစ္စတာလိုင် သည် လွတ်လပ်ရေးလိုလားသူတစ်ဦးအဖြစ် လူသိများပြီး အတိုက်အခံ ပါတီများက သူတက်လာလျှင် ထိုင်ဝမ်အတွက် ပြဿနာပိုများလာနိုင်ပြီး တရုတ်ပြည်နှင့် ငြိမ်းချမ်းရေးရနိုင်မည်မဟုတ်ဟု ပြောဆိုခဲ့ကြသည်။

အသက် ၆၄ နှစ်ရှိ ဒုတိယသမ္မတလည်းဖြစ်သူ မစ္စတာ လိုင် ရွေးချယ်ခံရခြင်းမှာ အထူးအဆန်း မဟုတ်ကြောင်း၊ ရွေးကောက်ပွဲ မတိုင်မီ ကောက်ယူသောစစ်တမ်းတွင် သူပင် အနိုင်ရမည်ဟု ဖော်ပြခဲ့ကြောင်း ထိုင်ဝမ်သတင်းများတွင် ဖော်ပြသည်။

မဲဆန္ဒပေးပွဲ ကျင်းပပြီး လေးနာရီအကြာတွင် ပြိုင်ဘက်ပါတီများက ၄င်းတို့ပါတီများ ရှုံးနိမ့်ကြောင်း ကြေညာပြီးနောက် မစ္စတာ လိုင် အနိုင်ရကြောင်း အတည်ပြုနိုင်ခဲ့သည်။

လွှတ်တော်ရွေးကောက်ပွဲများနှင့် သမ္မတရွေးကောက်ပွဲကို တစ်ပြိုင်နက်တည်း ကျင်းပသော ထိုင်ဝမ်ရွေးကောက်ပွဲတွင် အမတ်ဦးရေ ၁၁၃ ရှိသည့် လွှတ်တော်၌ ကူမင်တန်ပါတီက အမတ်ဦးရေ(၅၂)နေရာဖြင့် အများဆုံးအနိုင်ရပြီး DPP ပါတီက (၅၁)နေရာ၊ ထိုင်ဝမ်ပြည်သူ့ပါတီက (၈)နေရာ နှင့် တစ်သီးပုဂ္ဂလ ၂နေရာ ရရှိကြသည်။

တိုက်ရိုက်သမ္မတရွေးကောက်ပွဲ စတင်သော ၁၉၉၆ခုနှစ်နောက်ပိုင်း သုံးကြိမ်ဆက်တိုက် အနိုင်ရခဲ့သော တိုးတက်သော ဒီမိုကရက်တစ်ပါတီ( DPP) သည် ယခုတစ်ကြိမ်လွှတ်တော်တွင် အသာစီးမရရှိသဖြင့် အခက်တွေ့နိုင်သည်ဟု ဆိုသည်။

မစ္စတာ လိုင် သည် သမ္မတသက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ပြီးနောက် တတိယအကြိမ် ထပ်မံထမ်းဆောင်ခွင့်မရှိတော့သော လက်ရှိသမ္မတ ဆိုင် အင်ဝမ် ၏ နေရာကို ဆက်ခံခြင်းဖြစ်သည်။ NN-27 ref:CNA


ဆက်စပ် သတင်းများ