ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

မြောက်ဦးကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးမှ ရုပ်သိမ်းလိုက်သည်ဟုထွက်ပေါ်နေသည့်သတင်းမှာမဟုတ်မှန်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 656

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇူလိုင် ၁၂/ ၂၀၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးမှ ရုပ်သိမ်းလိုက်သည်ဟု ထွက်ပေါ်နေသည့် သတင်းမှာ မဟုတ်မှန်ကြောင်းကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ဆောင်ရွက်နေသူများက ပြောသည်။

မြောက်ဦးမြို့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးဦးသန်းမြင့်က အင်တာနက်ပေါ်မှာ မြောက်ဦးကိစ္စကို နောက်ဆုတ်တယ်၊ ရုပ်သိမ်းတယ်ဆိုတဲ့သတင်းတွေ ပျံ့နေပါတယ်။ ဒါဟာ မဟုတ်ပါဘူး။ ဒီသတင်းပျံ့နေတာ နှစ်ရက်၊ သုံးရက်ရှိပါပြီ။ ဒီသတင်းပျံ့နေတဲ့အတွက် မြောက်ဦးဟာ ကမ္ဘာ့အမွေအနှစ်စာရင်း မဝင်တော့ဘူး၊ ဒါကို ထားလိုက်တော့ဆိုပြီး ဖြစ်သွားနိုင်တယ်ပေါ့။ ဒါကြောင့် ဒီသတင်းဟာ မဟုတ်ဘူးဆိုတာကို ပြောချင်ပါတယ်။ဟု ပြောသည်။

မြောက်ဦးကို ကမ႓ာ့အမွေအနှစ်စာရင်းဝင်ရေးမှ ရုပ်သိမ်းလိုက်ပြီဟု ယခုရက်ပိုင်းတွင် အွန်လိုင်းစာမျက်နှာများ၌ ကျယ်ကျယ်ပြန့်ပြန့်သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။

ထိုကဲ့သို့ သတင်းမှား ပျံ့သွားသည့်အတွက် မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ကြန့်ကြာမှုများ ဖြစ်သွားနိုင်၍ စိုးရိမ်မိကြောင်း သူက ဆက်ပြောသည်။

မြောက်ဦးကို ရှေး/သုဌာနတစ်ခုတည်းက ထိန်းနေတာမဟုတ်ဘူး။ အာဏာအဖွဲ့အစည်းများစွာက မြောက်ဦးကို အုပ်ချုပ်နေတာလေ။ အခုလို သတင်းတွေ ပျံ့သွားတော့ ထိခိုက်တာတွေ အများကြီးရှိတယ်။ ကျွန်တော်တို့အနေနဲ့ မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ကို မူချော တင်သွင်းဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အခြေနေတစ်ခုကြောင့် အချိန်ကို စောင့်နေရတာပါ။ဟု ပြောသည်။

မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် (UNESCO) စာရင်းဝင်ရေး အဆိုပြုလွှာမူကြမ်း Mrauk-O Nomination Dossier For Inscription On the World Heritage List ကို ပြင်သစ်နိုင်ငံမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ်ရုံးသို့ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က တင်သွင်းနိုင်ခဲ့သည်။

အဆိုပြုလွှာမူအချောကို ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း တင်သွင်းရမည်ဖြစ်သော်လည်း ယင်းအချိန်က မြောက်ဦးဒေသတွင် တိုက်ပွဲများနှင့် ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေခဲ့၍ အချိန်မီတင်သွင်းနိုင်ခြင်းမရှိခဲ့ပါဘူး။ ယင်းနောက် ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်သမ္မတရုံးသို့ ဆက်လက်ပေးပို့ခဲ့သော်လည်း ယင်းအချိန်က တင်သွင်းနိုင်ခြင်းမရှိသေးဟုသာ အကြောင်းပြန်ခဲ့သည်ဟုလည်း သိရသည်။

ယင်းကြောင့် အဆိုပြုလွှာမူချောကို လာမည့် ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ထပ်မံတင်သွင်းသွားမည်ဟု မြောက်ဦးကို ကမ႓ာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ဒေသခံများကို ပညာပေးရေးအစီအစဉ်၏ ဥက္ကဋ္ဌ ဒေါက်တာတင်မာအောင်က နိရဥ္စရာကိုပြောဆိုထားသည်။

၂ဝ၂၂၊ ဇန်နဝါရီလကုန်ဆိုရင် ကျမတို့က နောက်ဆုံး The last စီမံခန့်ခွဲမှုဆိုတာကို တင်နိုင်ရင် ၂ဝ၂၃၊ ဇွန်၊ ဇူလိုင်လောက်မှာမှ သူတို့ အစည်းအဝေးတွေရှိပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းကို ဒီဟာကို ဝင်သင့်၊ မဝင်သင့်ဆိုတာ။ ဆိုတော့ ၂ဝ၂၂၊ ဇန်နဝါရီမှာတင်နိုင်ရင်တော့ သူတို့က သြဂုတ်၊ စက်တင်ဘာဆိုရင် လာပြီးတော့ စစ်ပါမယ်။ ပြောထားတဲ့အတိုင်းရှိသေးလား။ လူတွေကလည်း ကာကွယ်နေလား။ လူတွေကလည်း ထိန်းသိမ်းနေလားဆိုတာ လာပြီး ကြည့်ပါမယ်။ ကြည့်လို သူတို့က မရသေး။ ဒီကလူတွေက တစ်ခုမှ မလုပ်ဘူးဆိုရင် ၂၃ မှာလည်း လုပ်လို့မရသေးဘူး။ ကိုယ့်ဒေသခံတွေက မထိန်းသိမ်းဆိုရင် သူတို့က မစဉ်းစားဘူး။ဟု ပြောသည်။

ထိုကဲ့သို့ အဆိုပြုလွှာမူချောအား တင်သွင်းနိုင်ခဲ့လျှင် မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်/မဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံက မဲပေးဆုံးဖြတ်ကြမည်ဖြစ်ကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ