ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မောင်တောမြို့နယ်တွင် ညမထွက်ရအမိန့် နှစ်လတိုး ထပ်မံထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 2.4k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၁၂/ ၂၀၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ (ည ၁၀ နာရီမှ နံနက် ၅ နာရီထိ) ကို နောက်ထပ် နှစ်လတိုးထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။
၎င်းထုတ်ပြန်ချက် ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် “ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ကဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခ ဖြစ်ပွားခဲ့သည့် ARSA အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် မောင်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ အရ ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့တွင် ည ၂၂၀၀ နာရီမှ နံနက် ၀၅၀၀ နာရီထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပါသည်။” ဟု ပါရှိသည်။
မောင်တောမြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူများသွားရာလမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့်ဆိုင်သော ဗလီ၊ ကျောင်းနေရာများတွင် ၅ ဦး သို့မဟုတ် ၅ ဦးထက်ပိုသောသူများ စုဝေးခြင်းမပြုလုပ်ရေးအတွက် ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်အား ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အရ ထပ်မံထုန်ပြန်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အဆိုပါ ညမထွက်ရအမိန့်မှာ ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့မှစ၍ နှစ်လပြည့်မြောက်သည့်နေ့အထိ အကျုံးဝင်ကြောင်း သိရသည်။
ထုတ်ပြန်ချက်အား မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်၏ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ